DVB Logo
Home
မြန်မာသတင်း
သက်​ငယ်​မုဒိမ်းမှုကျူးလွန်​သူကို ထိ​ရောက်​စွာပြစ်​ဒဏ်​ပေးရေး ပြင်​ဦးလွင်​တွင်ဆန္ဒပြ
DVB
·
March 21, 2018
သက်​ငယ်​မုဒိမ်းမှုကျူးလွန်​သူကို ထိ​ရောက်​စွာပြစ်​ဒဏ်​ပေးရေး ပြင်​ဦးလွင်​တွင်ဆန္ဒပြ
1 / 8
Donate to DVB

 

သက်​ငယ်​မုဒိမ်းမှုကျူးလွန်​သူတွေကို တရား​ရေးဌာနက ထိ​ရောက်​စွာ ပြစ်​ဒဏ်​ချမှတ်​​ပေး​ဖို့ မန္တ​လေးတိုင်း ပြင်​ဦးလွင်​မြို့မှာ ဒေသခံ အင်​အား ၁၀၀ လောက်က မတ်လ ၂၀ရက်မှာ ​တောင်းဆို ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

ဆန္ဒပြပွဲဦး​ဆောင်​သူ ​ဒေါ်မြ​အေးက​ “ကျမတို့ဒီ​နေ့ဆိုရင်​ ပြင်​ဦးလွင်​ခရိုင်​ထဲက မတ္တရာမြို့မှာ ဖြစ်​ခဲ့တဲ့ ၂နှစ်​နဲ့၅လက​လေးကို မုဒိမ်းပြုကျင့်ပြီး သတ်​ပစ်​ခဲ့တဲ့ လူသတ်​မုဒိမ်း​ကောင်​ကို ငါးကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေး​နေတာ​လေ။ အဲလိုမုဒိမ်းကျင့်သူတွေကို သေဒဏ်​​လို ကြီး​လေးတဲ့ ပြစ်​ဒဏ်​​တွေကို တရား​ရေးဌာန​တွေက ထိထိ​ရောက်​​ရောက်​အ​ရေးယူ​စေချင်တယ်​။ ဌာနဆိုင်​ရာ​တွေ ပါဝင်​ပူး​ပေါင်းလာ​စေချင်​သလို လက်​ရှိအစိုးရအ​နေနဲ့ အခုလိုသက်​ငယ်​မုဒိမ်း တွေကို ထိ​ရောက်​စွာအ​ရေးယူနိုင်​ဖို့ ပြစ်​ဒဏ်​ကို ပြင်​ဆင်​​ပေး​စေချင်​တယ်​”လို့ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပြင်​ဦးလွင်​မြို့ မြို့တော်​ခန်းမ​ရှေ့က​နေပြီး လားရှိုး-မန္တ​လေးလမ်း တ​လျှောက်​က​နေ ​ရွှေမြင်​တင်​ဘုရားဝင်းအထိ ပိုစတာတွေကိုင်ကာ ကြွေးကြော်သံတွေနဲ့ လမ်း​လျှောက်​​တောင်းဆို ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013