DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ရခိုင်ပြည်နယ်အစိုးရက ပိတ်ပင်
DVB
·
March 20, 2018
ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ရခိုင်ပြည်နယ်အစိုးရက ပိတ်ပင်
Donate to DVB

အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်လေ့လာရေးသင်တန်းကို စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာကို ပို့ချသွားမယ့်အစီအစဉ်ကို သက်ဆိုင်ရာအာဏာပိုင်တွေက မလုပ်ဖို့ မနေ့ လာရောက်တားမြစ်ခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဒု-ဥက္ကဋ္ဌဦးခိုင်ပြည်စိုးက “ဒီလိုလုပ်မယ့်ဟာကို ဘာလို့ ပိတ်ပင်တာလဲ ဘာလို့တားမြစ်တာလဲ၊ ဘာဖြစ်လို့အတားအဆီး တွေလုပ်နေရတာလဲ။ ကျနော်တို့ လုပ်လို့ မရဘူးလို့ ဆိုရှိရင် ဟိုတယ်ပိုင်ရှင်တွေကိုဘာလို့ဖိအားတွေပေးနေလဲ။ ဒါကိုကျနော်တို့က ရှင်းလင်းသိချင်တယ်။ ကျနော်တို့ ဒီလုပ်မယ့်ဟာကို လုံးဝမလုပ်ရဘူးလို့ ဆိုတာကို တရားဝင်ကျနော်တို့ဆီကို စာပို့ဖို့လိုတယ်”လို့ပြောပါတယ်။

အခုလို လာရောက်တားမြစ်ခဲ့တာကြောင့် ၂ ရက်ကြာပြုလုပ်မယ့် အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် လေ့လာရေးသင်တန်းကို ရပ်ဆိုင်းလိုက်ရပါတယ်။

ဒီသင်တန်းကို အန္ဒိယနိုင်ငံပညာရှင်တွေက လာရောက်သင်တန်းပို့ချမှာဖြစ်ပြီး ရခိုင် အမျိုးသားပါတီဗဟိုဌာနချုပ်က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ဒီသင်တန်းကျင်းပခါနီးမှ သက်ဆိုင်ရာ အာဏာပိုင်တာဝန်ရှိသူတွေက နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုချက်လိုတယ်လို့ ပြောဆိုလာခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“၁၅ ရက်နေ့ကတည်းက ခွင့်ပြုချက်တင်တယ်။ အခုနီးကပ်ပြီးတော့ မနက်ဖြန်လုပ်ခါနီးမှ ၅ နာရီလောက်မှာ ဒီနိုင်ငံခြားသားနှစ်ယောက်ဟောပြောဖို့ နိုင်ငံခြားရေးဝန်းကြီးဌာနက ခွင့်ပြုချက် လိုတယ်လို့ပြောတယ်။ ကျနော်တို့ ရန်ကုန်လည်းလုပ်ပြီးပြီ၊ လွှတ်တော်မှာလဲလုပ်ဖူးပြီးပြီ။ ဒီလို ကန့်သတ်ချက်မျိုးတွေ မရှိဘူး။ ရခိုင်အမျိုးသားပါတီက ဒီသင်တန်းကိုလုပ်ဖို့ စနစ်တကျ ကော်မရှင်အဆင့်ဆင့်ကိုလည်း တင်ထားပြီးပြီ၊ ဒီလိုအနီးကပ်ပြီး ဒီလိုကန့်သတ်လိုက်တာဟာ ကျနော်တို့အနေနဲ့ လုံးဝလက်ခံနိုင်စရာအကြောင်း မရှိဘူး”လို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်လေ့လာရေးသင်တန်းမလုပ်ဖို့ သက်ဆိုင်ရာအစိုးရက ရခိုင် အမျိုးသားပါတီကို တရားဝင် စာတွေကမ်းလှမ်းပြီး တားမြစ်ခဲ့တာ မဟုတ်ဘဲ ရွှေသဇင်ဟိုတယ် ပိုင်ရှင်က သင်တန်းမလုပ်ဖို့ လာပြီးတားမြစ်ခဲ့တာလို့ ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “ဒါက လက်ခံနိုင်စရာအကြောင်း မရှိဘူး။ တပြည်လုံးမှာ ကျနော်တခါမှမကြားဖူးဘူး။ ဦးသိန်းစိန်ခေတ်ကတည်းက ဒီနေ့ထိ တခါမှ မကြားဖူးဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ဖက်ဒရယ်ဒီမိုကရေစီလမ်းအတိုင်း ဒီအလုပ် လုပ်ကိုလုပ်တာ။ အခုလို ပိတ်ပင်တားဆီးလိုက်တာဟာ ဖက်ဒရယ်ဒီမိုကရေစီ ကကြီးခခွေးကို နားမလည် ပြီးတော့ ဗိုလ်ကျတဲ့လုပ်ရပ်ကို လုပ်တာပဲ” လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်လေ့လာရေးသင်တန်းကို သက်ဆိုင်ရာ အာဏာပိုင်တွေ တားဆီးလိုက်တဲ့အပေါ် မနေ့ည ၁၁ နာရီက ရခိုင်အမျိုးသားပါတီ ဗဟိုရုံးမှာ မီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။

ဒီသင်တန်းပို့ချဖို့မတ်လ ၁၅ ရက်က ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင်ထွေအုပ်စတဲ့ သက်ဆိုင်ရာတွေကို ခွင့်ပြုချက်တွေတင်ထားပြီး ခွင့်ပြုထားပြီး ပေးထားတယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် ဒီကနေ့ သင်တန်းပို့ချမယ့်တရက်အလို မနေ့ ညနေပိုင်းက ရွှေသဇင်ဟိုတယ်ပိုင်ရှင်ကို အာဏာပိုင်တွေက လာရောက်ပြီး ရွှေသဇင်ဟိုတယ်မှာမလုပ်ဖို့ တားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ခုကိစ္စနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိတဲ့သူတွေကို ဒီကနေ့ မနက်ပိုင်းကတည်းက ညနေပိုင်းအချိန်အထိ ဒီဗွီဘီကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013