DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေ ပြင်ဆင်ရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းကို အလေးထားရန် ကော်မရှင် တိုက်တွန်း
DVB
·
March 20, 2018
ငြိမ်းစုစီဥပဒေ ပြင်ဆင်ရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းကို အလေးထားရန် ကော်မရှင် တိုက်တွန်း
Donate to DVB

ငြိမ်းစုစီဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးကြရာမှာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ပြဋ္ဌာန်းချက်တွေကို အလေးထား စဉ်းစားကြဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီဥပဒေကြမ်းဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ထိပါးစေတယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းအကြား အပြင်းအထန် ကန့်ကွက်လှုပ်ရှားတာ ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိတယ်လို့ ဖော်ပြပါတယ်။

ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်မှာလည်း (ICCPR) မှာလည်း လူတိုင်းမှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို အနှောင့်အယှက် ကင်းကင်း စွဲကိုင်ခွင့် ရှိကြောင်းလည်း ဆိုပါတယ်။

ဒါပေမယ့် အဲဒီလိုလုပ်ရာမှာ တခြားသူတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့၊ နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ ကိုယ်ကျင့်တရားတွေကို အကာအကွယ် ပေးဖို့လိုရင်၊ ဥပဒေပြဋ္ဌာန်းချက်အရနဲ့ လိုအပ်ချက်အရ ကန့်သတ်တာတွေ ပြုလုပ်လို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ခွဲခြားဆက်ဆံတာ၊ ရန်လိုတာနဲ့ အကြမ်းဖက်တာ ဖြစ်စေမယ့် အမျိုးသားရေး၊ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ ဘယ်ဟောပြော လှုံ့ဆော်တာကိုမဆို ဥပဒေအရ တားမြစ်ရမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “အဓိက ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မထိခိုက်စေချင်ဘူး။ ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားလုပ်ဖို့ ပြောချင်တာပါ။ လိုအပ်လို့ ဆန္ဒပြမယ့်သူတယောက်၊ သူ့မှာ ငွေအင်အား မရှိလို့ ထောက်ပံ့ရင်တောင်မှ ဖမ်းခံရမယ့် အခြေအနေ မဖြစ်သင့်ဘူးလေ” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ကိုယ့်ရဲ့ အခွင့်ရေးတွေကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားဖို့ လိုတယ်လို့ ပြဋ္ဌာန်းထားတာပါ။

ငြိမ်းချမ်းစွာစုဝေးတာနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၂၀၁၈ မတ်လ ၇ ရက်က အမျိုးသားလွှတ်တော်မှာ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013