DVB Logo
Home
Lead Story
ကလေးဝမြို့ ဇေယျမုနိစေတီ ထီးတော်တင်အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ (ဓာတ်ပုံ)
DVB
·
March 20, 2018
ကလေးဝမြို့ ဇေယျမုနိစေတီ ထီးတော်တင်အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ (ဓာတ်ပုံ)
1 / 4
Donate to DVB

ကလေးဝမြို့ တောကျောင်း ပရိယတ္တိစာသင်တိုက်အတွင်းမှာ တည်ထားကိုးကွယ်တဲ့ ဇေယျမုနိစေတီ ထီးတော်တင်ပွဲ အမှတ်တရအနေနဲ့ ချင်းတွင်းမြစ်ထဲမှာ မတ်လ ၁၇ ရက်နေ့ မနက်ကစတင်ပြီး မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို စတင်ကျင်းပနေပါတယ်။

ကလေးဝမြို့ရဲ့ လှေလှော်ပြိုင်ပွဲဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကစလို့ ရပ်နားခဲ့ပြီး ၂၀၁၅ ခု နောက်ပိုင်း ဒုတိယမြောက် ကျင်းပတာပါ။ ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်က ကလေးဝမြို့ ရွှေမုဋ္ဌောစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူစဉ်က တကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဇေယျမုနိစေတီ ထီးတင်ပွဲအမှတ်တရ လှေလှော်ပြိုင်ပွဲမှာ အမျိုးသားတွေသာမကပဲ အမျိုးသမီးလှေလှော်အသင်းတွေပါ ပါဝင်ပြီး အလွတ်တန်းအဆင့် အမျိုးသားအသင်း ၁၇ သင်း၊ အမျိုးသမီးအသင်း ၆ သင်း၊ စုစုပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။

ပြိုင်ပွဲကိုတော့ မတ်လ ၁၇ ရက်ကနေ ၂၁ ရက်နေ့ထိ ၅ ရက်အကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်၊ ဓာတ်ပုံ - လှိုင်ထွန်း ၊ ချစ်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013