DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း လူဦးရေ ၃ ဒသမ ၉ သန်းခန့် သွားနှင့်ခံတွင်းဝေဒနာ ခံစားနေရ
DVB
·
March 20, 2018
ကမ္ဘာတဝန်း လူဦးရေ ၃ ဒသမ ၉ သန်းခန့် သွားနှင့်ခံတွင်းဝေဒနာ ခံစားနေရ
Donate to DVB

ကမ္ဘာတဝန်းမှာ သွားနဲ့ခံတွင်း ရောဂါတွေဖြစ်တဲ့ သွားပိုးစားရောဂါ၊ သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာရောဂါတွေ ဖြစ်ပွားမှုနှုန်းများပြားနေပြီး ကမ္ဘာ့ လူဦးရေ  ၃ ဒသမ ၉ သန်းဟာ သွားနဲ့ခံတွင်း ဝေဒနာခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက သိရပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း အဆိုပါရောဂါတွေ အဖြစ်များနေတာ တွေ့ရတယ်လို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းကပြောပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွားနဲ့ ခံတွင်းကျန်းမာရေးနေ့အထိမ်းအမှတ်  နေပြည်တော်၊ ပျဉ်းမနားမြို့မှာရှိတဲ့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားတာပါ။

နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက “ဒီနေ့ခေတ်မှာ သွားနဲ့ခံတွင်း ရောဂါတွေ ဖြစ်တဲ့ သွားပိုးစားရောဂါ၊ သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာရောဂါတွေ ဖြစ်ပွားမှုနှုန်းမှာ ကမ္ဘာတဝန်း များပြားလျက်ရှိပါတယ်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ များစွာ တွေ့ရှိရပါတယ်။ ဒီရောဂါတွေဟာ ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါတွေ ဖြစ်တဲ့အတွက် အများပြည်သူတွေအနေနဲ့ အထူးဂရုပြုမိရန် လိုအပ်လျက်နေပြီး သွားဆရာဝန်တွေရဲ့ လုပ်ငန်းတာဝန်နဲ့ အခန်းကဏ္ဍမှာ များစွာ အရေးပါလှပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လူဦးရေ ၃၉ ဒသမ ၅ သန်းကတော့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေကြောင့် သေဆုံးနေကြရပြီး အဲဒီထဲက ၃ ဒသမ ၉ သန်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ၁၇ ဒသမ ၇ သန်းကတော့ နှလုံးရောဂါတွေ၊ ၁ ဒသမ ၆ သန်းကတော့ ဆီးချိုရောဂါတွေ၊ ၈ ဒသမ ၈ သန်းကတော့ ခံတွင်းကင်ဆာ အပါအဝင် အခြား ကင်ဆာရောဂါတွေကြောင့် သေဆုံးနေကြရတာလို့ ဆိုပါတယ်။

သွားနဲ့ ခံတွင်းရောဂါတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပေမယ့် သွားပိုးစားတာတွေနဲ့ သွားဖုံးရောင်တာတွေ အဖြစ်အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

သရေစာတွေမှာ ပါဝင်တဲ့ သကြားဓာတ်တွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေ၊ အချိုရည်တွေဟာ ခံတွင်းရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် အစာစားပြီးတိုင်း အာလုတ်ကျင်းဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013