DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့နယ် ဟိုမွန်းကျေးရွာသား ၁၈ ဦးကို လက်နက်ကိုင်တစုက ဖမ်းဆီးခေါ်သွား
DVB
·
March 20, 2018
သိန္နီမြို့နယ် ဟိုမွန်းကျေးရွာသား ၁၈ ဦးကို လက်နက်ကိုင်တစုက ဖမ်းဆီးခေါ်သွား
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ဟိုမွန်းကျေးရွာက ရွာသား ၁၈ ဦးကို လက်နက်ကိုင်တစုက မတ်လ ၁၄ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကောင်းကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ဇနီး နန်းခမ်းလူက ပြောပါတယ်။

“ရွာထဲမှာပဲ ဝင်ဖမ်းတာရှင်။ ယောက်ျားလေးတွေပဲ မိန်းကလေးတယောက်မှ မပါဘူး။ ဟိုမွန်းက သူတို့ ပြောပြတာက တပ်ပေါင်းစုလိုက်  ပလောင်လည်း ပါတယ်။ ကေအိုင်အေလည်း ပါတယ်။ ကိုးကန့်ရော ပါတယ်လို့ ပြောတယ်။ ရွာသားတွေကို ပြန်လွှတ်စေချင်တယ်။ ဒါပေမယ့် ဘယ်မှာသွားပြောရမှန်း မသိဘူး။”

ဟိုမွန်းကျေးရွာဟာ ကောင်းကော်ကျေးရွာအုပ်စုထဲက မြောင်ဇီးလူမျိုးတွေ နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်လူကလည်း ရွားသားတွေကို ဖမ်းဆီးသွားကြောင်းနဲ့ တယောက် ကျန်းမာရေးမကောင်းလို့ ပြန်လွတ်လာတယ်လို့ ပြောပါတယ်။

“၁၈ ယောက်ပါသွားတယ်လေ။ ပါသွားတော့ တယောက်က ကျန်းမာရေးမကောင်းဘူး။ လမ်းမလျှောက်နိုင်ဘူး။ ချောင်းဆိုးပြီးတော့ ရင်ကျပ်ဖြစ်နေတော့ သူတို့ လမ်းမှာ ထားခဲ့ပြီးတော့ သူက ပြန်လာတာပေါ့။”

မတ်လ ၁၄ ရက်နေ့ကတည်း ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးတဲ့အတွက် ပြန်လွှတ်ပေးဖို့လည်း စိုင်းစိန်လူက တောင်းဆိုပါတယ်။

“သူ့တို့ကို အမြန်လွှတ်ပေးစေချင်တယ်လို့။ သူတို့က ရွာသားတွေပဲလေနော်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ သူတို့ကို ခေါ်သွားတယ်ဆိုလို့ရှိရင် ရွာသားတွေကို အမြန်ဆုံးလွှတ်ပေးပါလို့ အဲဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပလောင်တပ်ဖွဲ့အနေနဲ့ ဒီလို ဖမ်းဆီးတာ မရှိဘူးလို့ ပြောပါတယ်။

“တပ်ပေါင်းစုဆိုတာ ဘယ်လိုမျိုးလဲ မသိဘူး။  နဂိုကတည်းက နေတာက ကေအိုင်အေ၊ အန်အမ်ဒီအေအေ၊ အေအေရယ် ကျနော်တို့အဖွဲ့ရယ် ဒါက တပ်ကိုစုပြီးမှ ပူးပေါင်းတာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ့်နယ်မြေနဲ့ကိုယ် နေတယ်။ စစ်ရေးအရသာ ပူးပေါင်းတယ်။ ကျနော်တို့အဖွဲ့ကနေ အဲဒီမှာ ဝင်ဖမ်းတာတော့ မရှိဘူး။”

ဟိုမွန်းရွာဟာ မြောင်ဇီးလူမျိုးတွေ နေထိုင်တဲ့ရွာဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကောင်းကော်ရွာဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အခု တိုက်ပွဲမဖြစ်တော့တဲ့အတွက် သူတို့ရွာကို ပြန်သွားချိန် အခုလို ဖမ်းဆီးခေါ်သွားခံရတာ ဖြစ်ပါတယ်။      

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013