DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဝ၊ မိုင်းလား၊ မြောက်ပိုင်းမဟာမိတ်များရဲ့ ငြိမ်းချမ်းရေးအလားအလာ - အယ်ဒီတာစကားဝိုင်း
DVB
·
March 20, 2018
ဝ၊ မိုင်းလား၊ မြောက်ပိုင်းမဟာမိတ်များရဲ့ ငြိမ်းချမ်းရေးအလားအလာ - အယ်ဒီတာစကားဝိုင်း
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဝ၊ မိုင်းလားနဲ့ မြောက်ပိုင်းမဟာမိတ်တွေက ငြိမ်းချမ်းရေးကော်မရှင်က ဒေါက်တာတင်မျိုးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှစ်ဖက်စလုံးကတော့ သတင်းမထုတ်ပါဘူး။ အဲဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်စိုးက ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေက အန်စီအေလမ်းကြောင်းပေါ်က ပြန်လည်ဆွေးနွေးမယ်လို့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ငြိမ်းချမ်းရေးအခြေအနေတွေ ဘာတွေဖြစ်လာနိုင်လဲ၊ အခုဆက်သွားနေတဲ့ အန်စီအေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ ပတ်သက်လို့ ဘာတွေ သက်ရောက်မှုရှိလဲ၊ စတာတွေ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုက ဦးမြအေးတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အခုနောက်ဆုံးအခြေအနေအရ အန်စီအေ ပရောဆက်ထဲမှာ နဂိုကတည်းက မြောက်ပိုင်းမဟာမိတ်တွေက မပါခဲ့ပါဘူး။ အက်ဖ်ပီအန်စီစီ ၇ ဖွဲ့က။ အခုတော့ ဝနဲ့ မိုင်းလား ဆွေးနွေးတဲ့အပေါ်မှာ ၂၀၁၇ မတ်က ကြေညာထားတယ်။ အန်စီအေလမ်းကြောင်းက မသွားဘူး။ သူတို့ဘာသာသူတို့ လမ်းကြောင်းအသစ်ရှိတယ်လို့ မနှစ်က ကြေညာထားတယ်။ ဒီနှစ်မှာတော့ အန်စီအေလမ်းကြောင်းက ပြန်ဆွေးနွေးလာတာလား။ ဒီဟာရဲ့သက်ရောက်မှု ဘာတွေရှိလဲ ဆရာ စပြီးဆွေးနွေးပေးပါဦး။”

ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

“၂၀၁၇ မှာ အက်ဖ်ပီအန်စီစီ ဆိုပြီး မြောက်ပိုင်းမဟာမိတ် ဖွဲ့လာတဲ့အခါမှာ အန်စီအေလမ်းကြောင်းက မသွားဘူးဆိုတဲ့ ပြောဆိုကြေညာချက်တွေ ထွက်လာတယ်။ အခု ဒီနှစ်မှာ ဦးအောင်စိုးက ပြောတယ်။ ဝ နဲ့ မိုင်းလားက အန်စီအေလမ်းကြောင်းက သွားမယ်ဆိုတော့ လူတွေကြားမှာ ရှုပ်ထွေးမှုတွေ အတန်ငယ်ရှိတာပေါ့။ ဘယ်လိုဖြစ်သလဲဆိုတဲ့ မေးခွန်းတွေလည်း အများကြီး ထွက်လာပါတယ်။ ၂၀၁၅ က စပြီးတော့ အစိုးရက အန်စီအေလမ်းကြောင်းက သွားမယ်ဆိုတာ ရပ်တည်ခဲ့တယ်။ ဒါဟာ အစိုးရနဲ့ တပ်မတော်အတွက် မူလည်းဖြစ်သလို ဂုဏ်သိက္ခာပြဿနာလည်း ဖြစ်တယ်။ ဒီနေ့အထိ ဆယ်ဖွဲ့လည်း ထိုးပြီးပြီ။ ကျန်တဲ့အဖွဲ့တွေကိုလည်း အန်စီအေလမ်းကြောင်းကနေ သွားဖို့ ကြိုးစားမယ်ဆိုတဲ့ ရပ်ခံတဲ့အပေါ်မှာ ဒီပြဿနာ ထွက်လာတာပါ။ တဖက်ကလည်း အက်ဖ်ပီအန်စီစီ အဖွဲ့ဝင်တွေရဲ့ သဘောထားက ဘာလဲ။ မိုင်းလားအဖွဲ့ အတွင်းရေးမှူး ဦးကျင်မြကလည်း အန်စီအေကို မဆန့်ကျင်ပါဘူး၊ ဒါပေမယ့် ဆွေးနွေးဖြေရှင်းစရာတွေတော့ အများကြီး ရှိပါတယ်လို့ ပြောခဲ့သလို မနှစ်က အေအေက ဒု-စစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း သူတို့သွားချင်တဲ့လမ်းကြောင်းက အန်စီအေနဲ့ ၇၀ ရာခိုင်နှုန်း တူပါတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေဟာ အန်စီအေပေါ်က ရပ်သွားမှာပဲ။ ဟိုကလည်း သူတို့လိုချင်တာ ညှိမှာပဲ။ အခြေအနေကတော့ အဲဒီလို ညှိနှိုင်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သမိုင်းကို ပြန်ကြည့်ရင် ၂၀၁၁ ကနေ ၂၀၁၅ အထိ အန်စီစီတီနဲ့ ဆွေးနွေးတယ်။ အန်စီအေမှာပါတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ထပ်ဆွေးနွေးစရာ လိုတယ်ဆိုပြီး အက်စ်တီဆိုပြီး ထပ်ဖွဲ့တယ်။ နောက်ဆုံးဖိုင်နယ် ဆွေးနွေးတာက စက်တင်ဘာ ၉ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ရယ်၊ တိုင်းရင်းသားပါတီတွေက အရေးကြီးတဲ့ ခေါင်းဆောင်တွေ ပါတာ။ အဲဒီအချိန်မှာ အန်စီအေမှာပါတဲ့ အချက်တွေက သိပ်အရေးမကြီးတော့ဘူး။ အဲဒါကို ဆွေးနွေးကြတာမဟုတ်ဘူး။ အားလုံးပါဝင်ရေး ဖြစ်သွားတယ်။ အဲဒီတုန်းက အဓိကကျတာက အေအေ၊ တီအန်အယ်လ်အေနဲ့ အမ်အန်ဒီအေအေပေါ့။ ဒီသုံးဖွဲ့ ပါဝင်လက်မှတ်ထိုးရေးပေါ်မှာပဲ မူတည်ကြတယ်။ အန်စီအေပါ အချက်အလက်တွေမှာ ကွဲလွဲကြတာ မဟုတ်ဘူး။ ဒီသုံးဖွဲ့သာပါရင် အဲဒီတုန်းက ၈ ဖွဲ့အပြင်ကို ယူအန်အက်ဖ်စီက ၇ ဖွဲ့ရာ ဒီသုံးဖွဲ့ရော ပါရင် ၁၈ ဖွဲ့ လက်မှတ်ထိုးပြီးသား ဖြစ်မယ်။ ဝ၊ မိုင်းလားနဲ့ နာဂ သုံးဖွဲ့ပဲ ကျန်တဲ့အခြေအနေမှာ ရှိတယ်။ အန်စီအေလမ်းကြောင်း သွားမယ်၊ အန်စီအေ အချက်အလက်တွေနဲ့ ပတ်သက်တာကို မကျေလည်တာတွေ ရှိတယ်ဆိုပေမယ့် တခါတရံမှာ အန်စီအေထက် အားလုံးပါဝင်ရေးက အရေးကြီးတဲ့ အခြေအနေမျိုးတွေ ကြုံတာကို ကျနော်တို့ တွေ့ရတယ်။ လက်ရှိ ဝ၊ မိုင်းလားတို့နဲ့ ဆွေးနွေးတဲ့ရလဒ်ကလည်း အန်စီအေလမ်းကြောင်းက သွားမယ်ဆိုတာတော့ အစိုးရဘက်ကတော့ ဆွေးနွေးနေမှာပဲ။ တဖက်ကလည်း ဒါကို ပြန်လည်ညှိနှိုင်းတာလည်း ရှိမှာပဲ။ ဒီလိုအခြေအနေမျိုးတွေကတော့ မထူးဆန်းဘူးလို့ ထင်ပါတယ်။ အန်စီအေရော အားလုံး ပါဝင်ရေးရော နှစ်ခုလုံးက ညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စလို့ ထင်တယ်။ ဒီလိုသတင်းထွက်ပေါ်မှုတွေနဲ့ ပတ်သက်ရင်တော့ သတိထားဖို့ လိုအပ်တယ်။ ဒီလိုသတင်းထွက်ပေါ်မှုတွေ ပေါ်လာတော့ အားလုံးမှာ စိတ်ဝင်စားမှုရှိတယ်။ မွန်ပြည်သစ်ပါတီကလည်း ဒီလိုသတင်းထွက်ပြီး လေး ငါး ခြောက်လဆို လက်မှတ်ထိုးတာပဲ။ ဒါဆို ဝ နဲ့ မိုင်းလား လက်မှတ်ထိုးမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ စဉ်းစားမှုမျိုးတွေ ပေါ်လာတယ်။ ဝ နဲ့ မိုင်းလား လက်မှတ်ထိုးရင် ကျန်တဲ့အဖွဲ့တွေ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာတယ်။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ပြောဆိုသုံးသပ်ကြတဲ့နေရာမှာ အလွယ်တကူ ပြောတာတော့ မသင့်ဘူး။ ဇာစ်ဇာစ်မြစ်မြစ် သုံးသပ်သင့်တယ်။ ပြောဆိုသင့်တယ်လို့ ထင်ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013