DVB Logo
Home
မြန်မာသတင်း
အသတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံရသည့် အငှားယာဉ်မောင်း၏အလောင်း ရဲစခန်းအတည်ြ
DVB
·
March 20, 2018
အသတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခံရသည့် အငှားယာဉ်မောင်း၏အလောင်း ရဲစခန်းအတည်ြ
Donate to DVB

 

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ထဲက ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင် ၆၀ နဲ့ ၆၀ မိုင် ၁ ဖာလုံကြားလမ်းဘေးမှာ မတ်လ ၁၈ ရက် မနက်က ဒဏ်ရာတွေနဲ့ လာရောက် စွန့်ပစ်ခဲ့တဲ့ အမျိုးသားအလောင်းဟာ ရွှေပြည်သာက အငှားယာဉ်မောင်းတစ်ဦးရဲ့ အလောင်းဖြစ်တယ်လို့ ကျောင်းကုန်းမြို့မ ရဲစခန်းက အတည်ပြုပြောပါတယ်။

သေဆုံးသွားတဲ့ကားမောင်းသမားဟာ  ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ၂၀ ရပ်ကွက်၊ ဘိုကလေး ၂ လမ်း မှာနေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ဦးအေးမင်းဦး(ခေါ်)ဦးဝတုတ် ဆိုသူဖြစ်တယ်လို့ဆိုပါတယ်။

သူ့ရဲ့ကား DD 9313 Probox အဖြူရောင်နဲ့ ချောင်းသာကမ်းခြေကို ၄ ရက်အိပ် အငှားလိုက်လာတုန်း အပြန်ခရီးမှာ အသတ်ခံခဲ့ရတာဖြစ်ပြီး အလောင်းစွန့်ပစ်တဲ့ မနက် ၄ နာရီ ၂၇ မိနစ်က အဲ့ဒီကား ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်သန်းသွားတဲ့ CCTV ရရှိထားပြီး တရားခံတွေ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေတယ်လို့ ကျောင်းကုန်းမြို့မ ရဲစခန်းကပြောပါတယ်။

ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က“ကျနော်တို့အခုတော့ စိစစ်ဆဲပဲ ချောင်းသာကို အငှားလိုက်လာတာလို့ သိရတယ်။ အလောင်းက ပြင်ပဒဏ်ရာတွေကိုလည်း ဆရာဝန်ကြီးနဲ့စစ်ပြီး သေဆုံးချိန်ဘယ်တော့လောက်လဲ တိုးလ်ဂိတ်က ယာဉ်ဖြတ်သန်းချိန်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်”လို့ ပြောပါတယ်။

အလောင်းမှာ အုပ်ထားတဲ့ပုဆိုးတထည်နဲ့ အမည်းရောင်ကားနောက်ကူရှင်အစွပ်တစ်ခု သာသဲလွန်စတွေ့ရပြီး ဘယ်သူတွေငှားလာသလဲ စုံစမ်းနေတယ်၊ ကားကိုတွေ့ရှိပါကလည်း ကျောင်းကုန်းရဲစခန်း နယ်ထိန်းဖုန်း ၀၉၅၄၁၃၉၆၇ ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ရဲက အသိပေးထားပါတယ်။

ကျောင်းကုန်းမြို့မရဲစခန်းက (ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ထားပြီး လူသတ်တရားခံကို အမြန်ဆုံးဖမ်းမိအောင် စုံစမ်းနေတယ်လို့ သိရပါတယ်။

 

မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013