DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေပြင်ဆင်ချက် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကန့်ကွက်စာပေးပို့
DVB
·
March 20, 2018
ငြိမ်းစုစီဥပဒေပြင်ဆင်ချက် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကန့်ကွက်စာပေးပို့
Donate to DVB

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော်ရှိ အန်အယ်လ်ဒီနဲ့ ယူအန်အေအမတ် ၂၇၄ ဦးဆီကို စာပေးပို့ထားပါတယ်။

အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြုလိုက်တဲ့အပေါ် အရပ်ဘက်အဖွဲ့တွေရဲ့ သဘောထားကို မတ်လ တတိယပတ်က ပေးပို့ထားတာပါ။

ငြိမ်းစုစီ ပြင်ဆင်ချက် ဖျက်သိမ်းရေး ဦးဆောင်ကော်မတီဝင် ဦးနန္ဒာစစ်အောင်က “အဖွဲ့ ၄၀ လောက်ပါပါတယ်။ တခြားအဖွဲ့တွေလည်းထပ်ပါဖို့ ရှိပါတယ်။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ လာမဆွေးနွေးခင် ကျနော်တို့ ကန့်ကွက်ရတဲ့ အကြောင်းရင်းကို သိရအောင် ပို့တာပါ” လို့ မတ်လ ၁၉ ရက် လှိုင်သာယာမြို့နယ်မှာ သတင်းစာရှင်းလင်းပြောပါတယ်။

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ရဲ့ ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

“ဥပဒေကြမ်းက ဖွဲ့စည်းပုံနဲ့လည်း မကိုက်ညီဘူး။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြန်သုံးသပ်ဖို့ လိုတယ်။ ခုံရုံးက ပြန်သုံးသပ်ဖို့က ကျနော်တို့ လုပ်လို့ မရဘူး။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ၁၀ ရာခိုင်နှုန်းကမှ တင်လို့ရတယ်။ အဲဒီအတွက် လက်ရှိ ကိုယ်စားလှယ်တွေအနေနဲ့ ဒါကိုလုပ်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

မကြာမီ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတော့မယ့် ငြိမ်းစုစီ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ တပ်မတော်သားကိုယ်စားလှယ် ၆၀ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈၀ က စာရင်းပေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013