DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်တို့ ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
March 19, 2018
ဒေါက်တာအေးမောင်တို့ ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်
Donate to DVB

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာတာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဒီကနေ့ ရုံးထုတ်အချိန်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့နဲ့ ပြည်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မတ် ၁၉ ရက်နေ့ ဒေါက်တာတာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ၆ ကြိမ် စစ်တွေခရိုင် တရားရုံးနဲ့ မြို့နယ်တရားရုံးတို့မှာ ရုန်းထုတ်လာတဲ့အချိန်မှာ လုံခြုံရေးတာဝန်ယူ ထားတဲ့အရပ်ဝတ်နဲ့ရဲတချို့ ဆွဲခေါ်သွားတဲ့အပေါ် ဒေါက်တာအေးမောင်ကို ဝိုင်းရံသူ ထောက်ခံသူတချို့ ရုန်းရင်းဆန်းခတ် မှုဖြစ်ပွားခဲ့တာပါ။

ဒေါက်တာအေးမောင်တို့ ရုံးထုတ်ကို လာရောက်လာသူတဦးဖြစ်တဲ့ မြို့မိမြို့ဖ ဦးအောင်သန်းဝေက “ဒေါက်တာ အေးမောင်တို့ စစ်တွေထောင်ကနေ တရားရုံးကို ရောက်တဲ့ အခါမှာ သတင်းလာယူမယ့်သတင်းမီဒီယာတွေရှိ တယ်။ သူ့ရဲ့မိသားစုဝင်တွေ ရှိမယ်။ သူ့ကို ထောက်ခံသူတွေရှိမှာပဲ၊ အဲ့ဒီလူတွေ၅ မိနစ်ခန့် တွေ့ဆုံခွင့် ပေးပြီးမှ တရားရုံးကို တင်လိုက်ရင် ဘာမှပြဿနာမရှိဘူး။ အခုက အဲ့လို့မဟုတ်ဘဲ သူတို့ကအကျိုးကိုလိုလို့အကြောင်း တရားကို ဖန်တီးတာတော့ မဖြစ်စေချင်ဘူး။ ဂုဏ်သိက္ခာရှိရှိနဲ့နည်းနည်းလေးတော့ အချိန်ပေးပြီးစကားပြော ခွင့်ပေးစေချင်တယ်လို့” ပြောပါတယ်။

ဒါ့အပြင် မီဒီယာတွေအနေနဲ့ ဒေါက်တာတာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် အခြေအနေတွေကို လွတ်လွတ်လပ်လပ်မေးခွင့်မရခဲ့ကြပါတယ်။

ရခိုင်အခြေစိုက် The Voice သတင်းထောက်ခိုင်မင်းညိုက”အရင်ကလည်းခတ်ခဲနေတာပဲ။ အခုမှမဟုတ်တာ ဒီိနေ့ ဆိုရင်ရဲတွေကအချိန်မပေးဘူးပေါ့။ ပြည်မမှာ ဖက်တွေမှာ ကျနော် အချိန်နည်းနည်းပေးတယ်ဗျ။ ဒီမှာကအဲ့လိုမပေးဘဲနဲ့ သူတို့ကိုတလျှောက်ဆိုသလို ဆွဲခေါ်သွားတယ်။ ရပ်ပြီးတော့ စက္ကန့်ပိုင်းလောက်ပေး လိုက်ရင်ဘာဖြစ်မလို့လဲ၊ ဒီလို ပေးတာလည်း မရှိဘူး။ အဲ့ဒီတော့ပြည်သူတွေဘက်တိုးကြတာပေါ့။ ရဲတွေ ဖက်ကလည်း နှောက်ယှက်တဲ့ပုံစံမျိုးတွေရှိတယ်။ အရပ်ဝတ်တွေနဲ့၊ အဲ့ဒီတော့ဒီအခြေအနေမှာ သတင်းတွေရဖို့ ဆိုတာခတ်ခဲ့သွားတာပေါ့။

ဒေါက်တာအေးမောင်တို့ ရုံးထုတ်အချိန်မှာ မီဒီယာတွေ သတင်းရယူခွင့်ရဖို့ သတင်းထောက်တွေ တာဝန်ရှိရဲမှူးတွေနဲ့ အကြိုညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် တာဝန်ရှိသူတွေဖက်ကတော့ လုံခြုံအရလုပ်ရတာ လို့ အကြောင်းပြချက် ပေးပါတယ်။

ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုတဦးဖြစ်တဲ့ စစ်တွေခရိုင် ဒု-အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို ဒေါက်တာအေးမောင်နဲ့ စာရေး ဆရာဝေဟင်အောင်တို့ရဲ့ ဟောပြောချက်တခုတည်းကိုအမှုသုံးခုနဲ့ တရားစွဲဆိုခြင်းနဲ့ပတ်သတ်လို့ အပြန်အလှန်စစ်မေး ခဲ့ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို လာမယ် ၂၈ ရက်နေ့ မှာ ထပ်မံပြန်လည်ရုံးချိန်းထားပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ ဖမ်းဆီးခံရတာဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ အမှုဖွင့်ထားဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013