ဖားကန့်မြို့နယ်တွင် မိုးသီးကြွေလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအချို့ရှိ
DVB
·
March 19, 2018

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ညက မိုးသီးကြွေပြီး လေပြင်းတိုက်လို့ အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ်လ ၁၇ ရက်ည ၉ နာရီကျော်ကနေ ၁၀ နာရီအချိန်ထိ မော်ဝမ်းကြီးရွာ၊ ဆိပ်မူရွာနဲ့ ဟင်းတင့်ကျေးရွာတို့မှာ မိုးသီးကြွေ၊ လေပြင်းတိုက်ခဲ့တာကြောင့် ပုဂ္ဂလိကပိုင်ရေပေးဝေတဲ့ မီးစက်ရုံ ၁ လုံးပြိုလဲ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လူနေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်းက ဥပုသ်သည်တွေ ထမင်းစားဆောင် မိုးကာတဲ အမိုးတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ရဲဇာနည်











