
မြန်မာပြည်မှာ အကြီးဆုံးဖြစ်နိုင်တဲ့ စည်ကြီးတခုကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ ထွင်းထု လုပ်ဆောင်နေတယ်လို့ တိုင်းအစိုးရက ဒီကနေ့ သတင်းထုတ်ပါတယ်။
အဲဒီစည်ကြီးကို အင်းတော်မြို့ သင်္ချိုင်းရှင်းလင်းရာက ရရှိတဲ့ ကုက္ကိုသားနဲ့ အင်းတော် ဆရာပွဲ ဗုံလုပ်ငန်းကနေ လုပ်အားကုသိုလ်အဖြစ် ထုလုပ်ပေးနေတာပါ။
စည်ကြီး ပြုလုပ်နေတဲ့ နေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြီးစီးသွားပါက တိုင်းအစိုးရအဖွဲ့က အသင့်တော်ဆုံးနေရာမှာ ထားရှိ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်းအစိုးရ










