DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အတွင်း ဆန်နှင့်ဆီ လွတ်လပ်စွာသယ်ယူခွင့်ပေးရန်ဒေသခံလူငယ်များတောင်းဆို
DVB
·
March 19, 2018
ကချင်ပြည်နယ်အတွင်း ဆန်နှင့်ဆီ လွတ်လပ်စွာသယ်ယူခွင့်ပေးရန်ဒေသခံလူငယ်များတောင်းဆို
1 / 4
Donate to DVB

 

ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ဆီတွေကို လွတ်လပ်စွာသယ်ယူခွင့်ပေးဖို့ ဒေသခံလူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒေသခံတွေ သယ်ယူပို့ဆောင်နေတဲ့ ဆန်နဲ့ဆီတွေကို လုံခြုံရေးအရ ပိတ်ထားပေမယ့် သစ်ထုတ်လုပ်တဲ့ တရုတ်နိုင်ငံသားတွေကိုတော့ အတားအဆီးမရှိ သစ်ထုတ်လုပ်သယ်ယူခွင့်ပေး ထားတယ်လို့ ဒေသခံ လူငယ် ၅ ယောက်က ဒေသကိုယ်စား မီဒီယာတွေကိုပြောပါတယ်။

ယခုလက်ရှိ ဆော့လော်မြို့မှာ မြစ်ကြီးနားမြို့ကနေ ဆန်၊ ဆီ၊ ဓာတ်ဆီတွေကို လုံခြုံရေးအရ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ သစ်ထုတ်လုပ်မှုတွေဟာ တရားမဝင်ဆိုပေမယ့် ဖမ်းဆီးတာ မရှိဘူးလို့ ဒေသခံလူငယ်တဦးကပြောပါတယ်။

“ချီဗွေကနေ ဆော့လော်သွားတဲ့လမ်းကတော့၂လမ်းရှိပေမဲ့ နီးတဲ့လမ်းခရီး ၃၄ မိုင်လမ်းကို လုံခြုံရေးအရ ပိတ်ထားတာကို ဖွင့်စေချင်ပါတယ်။ လက်ရှိလောလောဆယ်မှာတော့ ချီဗွေ ဆော့လော် မိုင် ၇၀ ခန့်သွားတဲ့လမ်းကို အသုံးပြုနေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်”

ဆော့လော်မြို့နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ်၊ စစ်တပ်၊ ပြည်သူ့စစ်၊ ကေအိုင်အေအဖွဲ့ ၄ ဖွဲ့လောက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဆော့လော်မြို့နယ်မှာ ဆန်ဈေးဟာ တအိတ်ကို ကျပ် ၄ သောင်းခွဲကနေ ၅ သောင်းအထိရှိပြီး ဓာတ်ဆီ ၁ ဂါလန်ကိုတော့ ၁ သောင်းဈေးရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013