DVB Logo
Home
မြန်မာသတင်း
ကွန်ပြူတာအလုံးရေ ၂၅၀ ၀ယ်ယူမည့် တင်ဒါဖျက်သိမ်း
DVB
·
March 19, 2018
ကွန်ပြူတာအလုံးရေ ၂၅၀ ၀ယ်ယူမည့် တင်ဒါဖျက်သိမ်း
Donate to DVB

တင်ဒါအောင် စာချုပ်ချုပ်ပြီး ၂ ရက်အတွင်း ကွန်ပြူတာ အလုံးရေ ၂၅၀ သွင်းရမယ်ဆိုလို့ ဝေဖန်ခံနေရတဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရဲ့ တင်ဒါကို ရက်မစေ့ခင် ၂ ရက်အလိုမှာ ဖျက်သိမ်းလိုက်တယ်လို့ ဌာနက ကြေညာပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက သူနာပြု/သားဖွားသင်တန်းကျောင်းတွေအတွက် စားပွဲတင်ကွန်ပြူတာ အလုံးရေ ၂၅၀ ဝယ်ယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကြေညာခဲ့တာပါ။

ဒါပေမယ့် အကြောင်းမညီညွတ်လို့ တင်ဒါကို ဖျက်သိမ်းတဲ့အကြောင်း ဒီနေ့ ပြန်ပြီး ကြေညာလိုက်ပါတယ်။

တင်ဒါဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြည်ဟိန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ရာမှာ ဖျက်သိမ်းလိုက်တာ ဟုတ်မှန်ကြောင်းနဲ့ ဘာကြောင့်ဖျက်သိမ်းတယ်ဆိုတာကို ဝန်ကြီးရုံးကို ဆက်သွယ်မေးမြန်းဖို့ ဖြေကြားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ထပ်မံ ဆက်သွယ်ရာမှာတော့ သက်ဆိုင်ရာ ဦးစီးဌာနက လုပ်ဆောင်တာ ဖြစ်လို့ အဲဒီကိုပဲ မေးဖို့ ဖြေပါတယ်။

ကွန်ပြူတာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးရဲမြတ်သူက “ဘတ်ဂျက်ပိုနေလို့ ဝယ်တာဆိုရင်လည်း ၄၊ ၅၊ ၁၀ လုံးပေါ့ဗျာ။ အခုလိုရာနဲ့ချီပြီးဝယ်တာကတော့ သူတို့မှာ ဘတ်ဂျက်ရှိနေလို့ ဝယ်တာပေါ့။ ဒါပေမယ့် အချိန်က ကပ်လွန်းတယ်။ ဘယ်ကုမ္ပဏီကမှ တံဆိပ်တခုတည်း၊ တမျိုးတစားတည်းကို အလုံး ၂၅၀ လှောင်ထားဖို့ မရှိဘူး။ ကွန်ပြူတာတွေက ၆ လ တခါလောက် အသစ်ထွက်နေတာဆိုတော့ ဒီလောက်အများကြီး ဘယ်သူမှ ဝယ်မထားဘူးလေ။ နိုင်ငံခြားက သွင်းတယ်ဆိုရင်လည်း Custom Clearence (အကောက်ခွန်ရှင်းလင်းခြင်း) လုပ်ဖို့က အချိန်လိုသေးတယ်” လို့ ပြောပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်ဟာ လာမယ့် မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဝယ်ယူမယ်ဆိုတဲ့ ကွန်ပြူတာတွေဟာ လက်ရှိဈေးကွက်ပေါက်ဈေးနဲ့ တစုံကို ၁၀ သိန်းနဲ့ အထက်ရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ တင်ဒါလျှောက်လွှာမှာ မော်နီတာ အမှတ်တံဆိပ်တခုကို ဖော်ပြထားပြီး အဲဒါကိုပဲ တင်သွင်းရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013