DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ဥပဒေကို ကချင်ပါတီများ ပူးပေါင်းကန့်ကွက် ဆန္ဒပြ
DVB
·
March 19, 2018
ကျောက်မျက်ဥပဒေကို ကချင်ပါတီများ ပူးပေါင်းကန့်ကွက် ဆန္ဒပြ
Donate to DVB

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းဟာ ဒေသခံတိုင်းရင်းသားတွေအတွက် အကျိုးမရှိဘူးဆိုပြီး ကချင်ပါတီတွေက ကန့်ကွက်လိုက်ကြပါတယ်။

ကချင်အမျိုးသားကွန်ကရက်ပါတီ(ကေအန်စီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (ကေအက်စဒီပီ)နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ (ကေဒီပီ)တို့ ပူးပေါင်းပြီး ဒီကနေ့  ဖားကန့်မြို့မှာ လှည့်လည်ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြတာပါ။

ဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကော်လက အဓိက အချက် ၅ ချက်ကို ထောက်ပြပြီးဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၁၇ မတ်လ ၁၃ ရက်က ဥပဒေထွက်ပြီးကတည်းက ကျနော်တို့ ကချင်အဖွဲ့တွေ ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ကို ဆွေးနွေးတင်ပြထားတာရှိတယ်။ အဲဒီမှာက အဓိကလုပ်ကွက်ကို ပြန်လည်ဖော်ထုတ်လာတယ်။ ဧက ၅၀ ၊ ၁၀ နှစ်ပေါ့နော်။ နံပါတ် ၂ က စက်ယန္တရားကန့်သတ်ချက် လုံးဝမပါဘူး။ နံပါတ် ၃ ကကျတော့ အချိန်ကန့်သတ်ချက်ပေါ့နော်။ အချိန်ကန့်သတ်ချက်ဆိုတာ နေ့ဆိုင်း ညဆိုင်း လုပ်နေတဲ့ဟာကို ၁၉၉၉ နအဖ လက်ထက်ကတည်းကနေပြီးတော့မှ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရပဲ ဆက်လက်ကျင့်သုံးနေတယ်။ နံပါတ် ၄ ကကျတော့ လုပ်ကွက် အဆိုပြုလွှာမှာ တရားမျှတမှု ကင်းမဲ့နေတယ်။ ကင်းမဲ့နေတဲ့အခါ ကျတော့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေက အဲဒီမှာ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိဘူး။ နံပါတ် ၅ အချက်ကတော့ ဥပဒေအမြန်ပြဋ္ဌာန်းဖို့ အရေးကြီးတယ်။ ဥပဒေကို အချိန်စွဲလေလေ၊ ဥပေဒေမဲ့ ထုတ်လုပ်မှုက ပိုပြီးကြီးမားလေလေပဲ။ ကျောက်ကြောတွေက ကုန်တော့မယ်။ မကုန်ခင်မှာ ကျနော်တို့ရဲ့ သယံဇာတကို ထိန်းသိမ်းဖို့လိုတယ်။  အကျိုးအမြတ်က နိုင်ငံတော်ဆီမှာ ဝင်ဖို့လိုတယ်။ ကျနော်တို့ နိုင်ငံသား တိုင်းရင်းသားတွေ အကုန်ခံစားဖို့လိုတယ်။ အဲဒီအချက် ၅ ချက်ကို ကျနော်တို့ အဓိကထားပြီး ပြောတာဖြစ်တယ်။”

သူတို့ဆန္ဒထုတ်ဖော်မှုမှာ အကြီးစား လုပ်ကွက်အလိုမရှိ၊ ကျောင်မျက်ဥပဒေသစ် အမြန်ပြဋ္ဌာန်းပေးရေး၊ စက်ယန္တရားတွေကန့်သက်ပေးရေး၊ ကျောက်မျက်ထုတ်လုပ်ရောင်းချမှုကို နိုင်ငံသားတိုင်းရင်းသားလက်ထဲရရှိရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ရေမဆေးလုပ်သားတွေ အန္တရာယ် ကင်းရှင်းရေးအစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို အလားတူဆန္ဒပြပွဲကို ပြီးခဲ့တဲ့လကလည်း မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Zaw Win Maung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013