DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆို
DVB
·
March 19, 2018
ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆို
1 / 4
Donate to DVB

 

သြစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးပွဲအပြီးမှာ အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်နေပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မတ်လ ၁၉ ရက်မနက်က  ကင်ဘာရာမြို့မှာ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ်က ဂုဏ်ပြုအခမ်းအနားနဲ့  ကြိုဆိုခဲ့ပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ အထူးဧည့်သည်တော်အဖြစ် ရောက်ရှိလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို  သြစတြေးလျနိုင်ငံဝန်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ်က လွှတ်တော် အဆောက်အအုံရှိ ဝန်ကြီးချုပ်ရဲ့ ဧည့်ခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ မသိရသေးပေမယ့်  သြစတြေးလျ သတင်းတွေမှာတော့ ၀န်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံပြီး လူ့အခွင့်အရေးကိစ္စ ပြောဆိုဆွေးနွေးဖို့ရှိတယ်လို့ ရေးသားဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်နဲ့လည်း  ကင်ဘာရာမှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံနဲ့ သြစတြေးလျနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးသတင်းမှာဖော်ပြပါတယ်။

ဓာတ်ပုံ- သတင်းစဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013