DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက်တူးရာမှ မြေပိသေဆုံး
DVB
·
March 19, 2018
နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက်တူးရာမှ မြေပိသေဆုံး
1 / 4
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မနှိုင်းသာရွာ ဦးချစ်ဆွေပိုင်ယာမြေ ကွင်းအမှတ် (၆၄၄) အတွင်း ဘတ်ဟိုးကားနဲ့ အင်ကြင်းကျောက်တူးရာက မြေပြိုကာ ကားထဲပိတ်မိပြီး လူတဦး သေဆုံးသွားတယ်လို့ နွားထိုးကြီးမြို့မရဲစခန်းကသိရပါတယ်။

မတ်လ ၁၅ ရက် ည ၇ နာရီလောက်က အခင်းဖြစ်ပွားပြီး  မြစ်သားမြို့ ဘူတာရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် ကိုဝေလင်းထက်သေဆုံးသွားတာလို့ နွားထိုးကြီးမြို့မစခန်း ရဲအုပ်သိန်းထွန်းကျော်ကပြောပါတယ်။

“ ဝေလင်းထက် ဘတ်ဟိုးကားနဲ့ အင်းကျင်းကျောက်တူးရာက မြေပြိုပြီး ဘတ်ဟိုးကား ထဲ ပိတ်မိနေတယ်။ ကားမှန်ခွဲပြီး ထုတ်ယူပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ကျင်းအကျယ်က ပေ ၁၅၀ အနက်က ၆၅ပေ တူးထားတယ်”

ယာကွက်ပိုင်ရှင်က မလှိုင်မြို့နယ် သမန်းကန်ရွာက ဖြစ်ပြီး နွားထိုးကြီးမြို့မစခန်းက သေမှုသေခင်းဖွင့် သက်သေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒေသခံတဦးကတော့ "ဖားကန့်မှာဖြစ်တာ ကြားဖူးတယ်။ ဒီမှာတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ အင်ကြင်းကျောက်ရှိတဲ့မြေတွေက မြေအပွတွေပဲ။ ကျယ်လဲကျယ်နက်လဲနက် တူးထားတော့ ‎ပြိုကျတာပေါ့" လို့ ပြောပါတယ်။

လူသေဆုံးမှုနဲ့ပတ်သက်ပြီး ရဲစခန်းကို အကြောင်းမကြားပဲ မတ်လ ၁၆ ရက်မွန်းလွဲပိုင်းမှာ  မြစ်သားမြို့က သဲကုန်းသုဿန်မှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013