DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် လိုင်စင်မဲ့ကားဖမ်းဆီးရာက စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ
DVB
·
March 19, 2018
မော်လမြိုင်တွင် လိုင်စင်မဲ့ကားဖမ်းဆီးရာက စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ
Donate to DVB

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်စက်မှုဇုန် လုံခြုံရေးဂိတ်မှာ မတ်လ ၁၈ ရက် ညနေ ၃ နာရီခွဲက လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးကို စစ်ဆေးဖမ်းဆီးခဲ့ရာမှ ယာဉ်ပေါ်ပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၈၀ ပြားကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

မော်လမြိုင်စက်မှုဇုန် လုံခြုံရေးဂိတ်မှာ စက်မှုဇုန်နယ်မြေရဲစခန်းတာဝန်ရှိသူတွေက မော်တော်ယာဉ်တွေကို ပိတ်ဆို့စစ်ဆေးနေစဉ် ဘားအံဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာတဲ့ ဟွန်ဒါ Fit အမျိုးအစား ခဲနုရောင် မော်တော်ယာဉ်ကို ရှာဖွေ ဖမ်းဆီးရမိခဲ့တာပါ။

စောချစ်အောင်စုမောင်းနှင်ပြီး စောအောင်ရဲဆွေစီးနင်းလိုက်ပါလာတဲ့ကားနောက်ခန်းမှာ ပန်းသီးပုံတံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်ထားတဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားနဲ့ အစိမ်းရောင် နှစ်ပြားစီပါ ၄၀ အိတ်၊ စုစုပေါင်း (ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ပြားနှင့် အစိမ်းရောင် ၈၀ ပြား)၊ အလေးချိန် ၇၆၈ ဂရမ်ခန့်၊ ကာလတန်းဖိုး ငွေကျပ် ၃၈၄ သိန်းဖိုးကို ဖမ်းမိခဲ့တာလို့ မော်လမြိုင်စက်မှုဇုန်နယ်မြေရဲစခန်းက သိရပါတယ်။

စက်မှုဇုန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "စိတ်ကြွရူးသွပ်ဆေးပြားနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတော့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်အနီး နောင်လုံကျေးရွာက စောတင်ညွှန့်မှ၎င်းမော်တော်ယာဉ်နဲ့အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာကို ပို့ပေးဖို့ သူတို့မောင်းနှင်လာကြတာပါ" လို့ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ အတူ ဖမ်းဆီးရမိတဲ့စောအောင်ချစ်စု၊ စောအောင်ရဲဆွေနဲ့ ဆေးပြားတွေသယ်ဆောင်ခိုင်းသူ စောတင်ညွှန့်တို့ ၃ ဦးကို စက်မှုဇုန် နယ်မြေရဲစခန်းက မယ(ပ)၂/၂၀၁၈၊ မှုးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ထားပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013