DVB Logo
Home
မြန်မာသတင်း
အခမဲ့​ပညာ​ရေး​ဆို​ပေမယ့်​ ​ငွေ​ကြေး​ကုန်ကျမှုရှိ​နေ
DVB
·
May 26, 2012
Donate to DVB

မေ ၂၅ ရက်​နေ့​က စတင်တဲ့​ တနိုင်ငံလုံး​ အတိုင်း​အတာ ​ကျောင်း​အပ်နှံ​ရေး​နေ့​မှာ အခမဲ့​ဆို​ပေမယ့်​ ​ကျောင်း​သား​အုပ်ထိန်း​သူ​တွေ ​ငွေကုန်​ကြေး​ကျရှိ​နေပါတယ်။

အခမဲ့​မူလတန်း​ပညာ​ရေး​လို့​ နယ်​မြေခံ​တွေ သိထား​ပေမယ့်​ ပဲခူး​တိုင်း​ သာယာဝတီမြို့​မှာ မူလတန်း​နဲ့​ အလယ်တန်း​တွေ ​ကျောင်း​အပ်နှံရာမှာ အား​ကစား​ကြေး​ဆိုပြီး​ က​လေး​တ​ယောက်ကို ၂၅၀၀ ကျပ် ​ကောက်ခံ​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

ရွာ​တွေမှာ​ရော မြို့​တွေမှာပါ မ​နေ့​ကစတင်တဲ့​ ​ကျောင်း​အပ်နှံတဲ့​ရက်မှာ ​ကျောင်း​ဝင်​ကြေး​ မ​ကောက်​ပေမယ့်​ သူငယ်တန်း​က​လေး​ပါမကျန် အား​ကစား​ကြေး​ ဆိုပြီး​ ​ကောက်ခံ​နေတာလို့​ ဆိုပါတယ်။

“ကျ​နော်တို့​ သိထား​တာက မူလတန်း​ အခမဲ့​ပညာသင်ကြား​ရေး​ဆိုတာ မူလတန်း​ကို မည်သည့်​ အခ​ကြေး​ငွေမှ ​ကောက်ခံခြင်း​မရှိဘူး​လို့​ သိထား​တာ။ ဒါ​ပေမယ့်​ ရွာက​ကျောင်း​တွေ​ရော၊​ မြို့​ကျောင်း​တွေ​ရော အား​ကစား​ကြေး​ဆိုတဲ့​ ​ခေါင်း​စဉ်​အောက်က​နေ ​ကောက်တယ်။ အဲဒီ​တော့​ လူ​တွေက ဘာလို့​ ​ကောက်တာလဲဆိုတဲ့​ ​ခေါင်း​စဉ်​တွေ ထွက်လာတာ​ပေါ့​။”

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့​ခံတဦး​ကလည်း​ မ​နေ့​ကစတင်တဲ့​ ၁၀၅ မိုင်​ကျောင်း​မှာ အခမဲ့​ပညာ​ရေး​ဖြစ်တဲ့​ မူလတန်း​ကို (၁) ​ကျောင်း​ဆောင်သစ်ရန်ပုံ​ငွေ- ၅၀၀၀ ကျပ်၊​ အလယ်တန်း​ကို ၁၀၀၀၀ ကျပ် မထည့်​မ​နေရ ​ကောက်ခံသလို ​လျှောက်လွှာနဲ့​ ​ကျောင်း​တံဆိပ်ဖိုး​က ကျပ် ၁၀၀၀ နဲ့​ အိမ်သာ​ရေဖိုး​အတွက် ကျပ် ၂၀၀၀ ဆိုပြီး​ ​ကောက်ခံ​နေပါတယ်။

လွှတ်​တော်မှာ အခု ဘဏ္ဍာ​ရေး​နှစ် ပညာ​ရေး​အသုံး​စရိတ်ကို မြှင့်​တင်​ပေး​ထား​ပြီး​ မူလတန်း​က​လေး​တွေကို အခမဲ့​ကျောင်း​နေခွင့်​ပေး​မယ့်​အပြင် ​ကျောင်း​သုံး​စာအုပ်​တွေပါ အခမဲ့​ပေး​မယ်လို့​ ကတိပြုထုတ်​ပြောထား​သလို ပညာထူး​ချွန်​ပေမယ့်​ ဆင်း​ရဲလို့​ ​ကျောင်း​မ​နေနိုင်တဲ့​ က​လေး​တွေကိုလည်း​ ပညာသင်​ထောက်ပံ့​ကြေး​ ​ပေး​မယ်လို့​ ​ပြောထား​ပါတယ်။

ချမ်း​သာကြွယ်ဝတဲ့​ မိဘ​တွေကထား​တဲ့​ ပုဂ္ဂိလက ​ကျောင်း​တွေမှာ​တော့​ ​ဈေး​အစား​စား​ရှိပြီး​ အလယ်တန်း​ကျောင်း​သား​တဦး​ စရိတ်စာ ၁ လကို ၃ သိန်း​ကျော်ထိ ​ဈေး​ရှိ​နေပါတယ်။

ပညာ​ရေး​ဝန်ကြီး​ဌာန ညွန်မှူး​ဟောင်း​တဦး​ဖြစ်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ဘတ်ဂျက်ချထား​ပေး​မှုမှာ ပညာ​ရေး​အတွက် တိုး​လာတဲ့​အ​ပေါ် ကြိုဆို​ပေမယ့်​ လိုအပ်ချက်နဲ့​ ကွာဟ​နေဆဲပဲလို့​ ​ပြောပါတယ်။

“မူလတန်း​ကျောင်း​ဆိုပြီး​ ဖွင့်​ထား​တာက ​ကျောင်း​ဆရာ ၂ ​ယောက်တည်း​နဲ့​ သင်တာ ​ကျောင်း​ ၁၀၀ မှာ ​ကျောင်း​ ၄၀ ​လောက် သင်​နေတုန်း​ပဲ။ ဆရာ ၂ ​ယောက်နဲ့​ ပညာသင်​နေလို့​ မဖြစ်ဘူး​လေ။ သူများ​နိုင်ငံ​တွေမှာ အင်မတန် ​ခေတ်မီတဲ့​စက်ကြီး​တွေ သုံး​နေတဲ့​အချိန်မှာ ဒီမှာ​တော့​ အင်မတန် နာမည်ကြီး​ပါတယ်ဆိုတဲ့​ အထက ၈ ​မော်လမြိုင်မှာဆိုရင် ကွန်ပျူတာ ၃ လုံး​ပဲ ရှိတယ်။ ပျက်မှာ​ကြောက်လို့​ ​သော့​ခတ်သိမ်း​ထား​တယ်။ အဲဒီလိုမျိုး​ နည်း​ပညာ​တွေ တအား​ကို ကွာသွား​ပြီ။”

ပညာ​ရေး​ဘတ်ဂျက်​ငွေဟာ ၁၈ ရာခိုင်နှုန်း​ထိ တိုး​မြှင့်​ပေး​လာရင်​တောင် အကြိတ်အနယ် လုပ်ရမယ်လို့​လည်း​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013