DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင်ရရှိမှု နည်းပါးလာနေ
DVB
·
March 19, 2018
တာချီလိတ်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင်ရရှိမှု နည်းပါးလာနေ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ကို နေ့စားအလုပ်သမားတွေအဖြစ် လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာပြည်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရင်နှစ်တွေထက် အလုပ်အကိုင်ရရှိမှု ပိုမိုနည်းပါးလာနေပါတယ်။

ပခုက္ကူမြို့ကနေ နေ့စားပန်းရန်ဆရာအဖြစ် လာရောက်လုပ်ကိုင်သူ ကိုနွေဦးကတော့ ပြည်တွင်းက လာရောက်အလုပ်လုပ်ကိုင်သူတွေ များလာတဲ့အတွက် အလုပ်အကိုင်ရရှိမှု နည်းပါးတာလို့ ပြောပါတယ်။

တာချီလိတ်မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အလျောက် ထိုင်းနိုင်ငံသုံး ငွေကြေးဖြစ်တဲ့ ဘတ်ငွေကို အများဆုံး အသုံးပြုကြတာဖြစ်ပြီး နေ့စားလုပ်သားတွေအနေနဲ့ ပြည်တွင်း တခြားနေရာတွေထက် စာရင် နေ့တွက်လုပ်အားခ ပိုမိုရရှိနေကြတာပါ။

တာချီလိတ်မြို့ကို လာရောက်အလုပ်ကိုင်ကြတဲ့သူတွေဟာ နေ့စား အလုပ်သမားတွေအနေနဲ့ ပန်းရန်ဆရာတဦးကို ဘတ် ၃၀၀ ကနေ ဘတ် ၅၀၀ အတွင်းရရှိပြီး နောက်လိုက်တဦးကိုတော့ အနည်းဆုံး ဘတ် ၂၅၀ ရရှိကြပါတယ်။

အနယ်အနယ်အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်နေကြသူတွေဟာ နေ့စား အလုပ်သမားတွေနဲ့ အလုပ်ကြမ်းသမားတွေအပြင် ဟိုတယ်လုပ်ငန်း၊ ဈေးဆိုင် အရောင်းဝန်ထမ်းနဲ့ အိမ်အကူ လာရောက်လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။

နေ့တွက်နဲ့ လုပ်ခရတာဖြစ်တဲ့အတွက် လုပ်ကိုင်စားသောက်ရတာ အဆင်ပြေပြီး ငွေစုမိတယ်လို့ နေ့စားအလုပ်သမားတဦးဖြစ်တဲ့ ကိုဝင်းမိုးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာကြောင့် ပြည်တွင်းကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်း အလုပ်သမားတွေအဖြစ် နှစ်စဉ် အများအပြား သွားရောက်လုပ်ကိုင်နေကြသူတွေလည်း ရှိသလို တာချီလိတ်၊ မြဝတီလို နယ်စပ်မြို့တွေမှာလည်း လာရောက်အလုပ်လုပ်ကိုင်နေကြသူတွေလည်း ရှိကြတာပါ။

မြန်မာပြည်တွင်းမှာတော့ တနေ့ကို အနိမ့်ဆုံး လုပ်အားခ ကျပ် ၄၈၀၀ ပေးဖို့ မကြာသေးခင်မှ အတည်ပြု သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ တာချီလိတ်မြို့မှာ လူဦးရေ ၁၃၀,၀၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပေမယ့် အရပ်ဘက်အဖွဲ့အစည်းရဲ့ စစ်တမ်းတွေအရတော့ ယခုလက်ရှိမှာ လူဦးရေ ၂၀၀,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013