DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းရေး မန္တလေးတွင်ဆန္ဒပြ
DVB
·
March 19, 2018
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းရေး မန္တလေးတွင်ဆန္ဒပြ
1 / 5
Donate to DVB

 

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဖျက်​သိမ်း​ပေး​ရေးအတွက်  မန္တ​လေးတိုင်း​ဒေသကြီး မဟာ​အောင်​​မြေမြို့နယ်​ မ​နော်​ယမန်​ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ  တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်​။

ဖက်​ဒရယ်​ပြည်​​ထောင်​စုတည်​​ထောင်​​ရေး၊  ၂၁ ရာစုပြည်​​ထောင်​စုငြိမ်းချမ်း​ရေးညီလာခံ ​အောင်​မြင်​​ရေး ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ အလိုမရှိစတဲ့ ​ကြွေး​ကြော်သံတွေနဲ့ မတ်လ ၁၈ရက်နေ့က ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုရဲ​ဇော်​ထွန်းက “၂၀၀၈ ခုနှစ်​မှာ နာဂစ်မုန်​တိုင်းကျလို့ ပြည်​သူ​တွေဝမ်းနည်းပူ​ဆွေး​ပြီး ဒုက္ခ​​ရောက်​နေကြတဲ့အချိန်​ကို အခွင့်ကောင်းယူပြီး အာဏာရှင်လူတစုက သူတို့ရဲ့ အခွင့်အ​ရေး​တွေ မ​ပျောက်​ပျက်​​ရေးကို​ ရှေးရူပြီး​ ​ဟောဒီ ၂၀၀၈အ​ခြေခံဥပ​ဒေဖွဲ့စည်းပုံ​ကို ​ရေးဆွဲ ခဲ့တာဖြစ်တယ်​​။ ဒီ ၂၀၀၈ ဥပ​ဒေ​ကြောင့် ပြည်​သူတင်​ထားတဲ့ အစိုးရအ​နေနဲ့ ပြည့်ပြည့်ဝဝ ပြည်​သူအတွက်​လုပ်​ချင်​​ပေမယ့် လုပ်​လို့မရဘူး။ မတရား​ကောက်​ကျစ်​စဉ်းလဲတဲ့ လူတစုက ကိုယ်​အာဏာရဖို့အ​ရေး တည်​မြဲဖို့အ​ရေး ​ရေးဆွဲထားတဲ့ ဒီ ၂၀၀၈ဥပ​ဒေကြီးကို ကျ​နော် ​အ​နေနဲ့ ဆန့်​ကျင်​ပါတယ်။”လို့ ​ပြောပါတယ်​။

ကိုရာဇာထွန်း ​ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ (ရမည်းသင်း)က“၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြင်​ဆင်​ဖို့ရာမှာ တပ်​မ​တော်​ဘက်​က မီးစိမ်းမပြမချင်းပြင်​ဆင်​ဖို့မလွယ်​ဘူး။ ဥပ​ဒေပြု​ရေး၊ အုပ်​ချုပ်​​ရေး၊ တရားစီ​ရင်​​ရေး​တွေမှာ စစ်​တပ်​က လွှမ်းမိုးထားတာကို ကျ​နော်​တို့အ​နေနဲ့ ဘယ်​လိုမှ လက်​မခံနိုင်​ဘူး ပြင်​ဆင်​ဖို့ အရမ်းခက်​ခဲတယ်​။ ခက်​ခဲ​အောင်​လည်း လုပ်​ထားတယ်​။ အဲဒါ​ကြောင့် အ​ခြေခံဥပ​ဒေကိုပြင်​ဆင်​ဖို့မလုပ်​ဘဲဖျက်​သိမ်းရမယ်​။”​လို့ ​ပြောပါတယ်​။

ဒီဆန္ဒပြပွဲမှာ မန္တ​လေးမြို့က နိုင်​ငံ​ရေးတက်​ကြွလှုပ်​ရှားသူ ၁၅၀ နီးပါးတက်​​ရောက်​ခဲ့ကြပြီး ၂၀၀၈ အ​ခြေခံဥပ​ဒေကို ကန်​ကွက်​တဲ့ တီရှပ်​အင်္ကျီတွေ ဝတ်​ဆင်ဆန္ဒပြခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013