DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးတွင် ဒဏ်ရာများနှင့် အမျိုးသားအလောင်းတွေ့ရှိ
DVB
·
March 18, 2018
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးတွင် ဒဏ်ရာများနှင့် အမျိုးသားအလောင်းတွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ထဲက ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာ ဒီနေ့ မနက်က ဒဏ်ရာတွေနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်တိုင် ​၆၆ နဲ့ ၆၆ မိုင် ၁ ဖာလုံကြား လမ်း​ဘေးမှာ ပစ်သွားခဲ့တာဖြစ်ပြီး အလောင်းနဲ့အတူ ပုဆိုးတထည် ကားကူရှင်အစွပ်တစ်ခု သာသဲလွန်စ တွေ့ရပြီး အသတ်ခံရသူ ဘယ်သူလဲဆိုတာ ဆက်လက်စုံစမ်းနေတယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းက သိရပါတယ်။

ကျောင်းကုန်းမြို့မရဲစခန်းမှုး ဒုရဲမှုးမြင့်အောင်က“မနက်လင်းခါနီး ၆ နာရီလောက်က အဲဒီဖက်ကလှမ်းပြောလို့ သွားကြည့်တော့ သိရတာ အသတ်ခံရတဲ့သူ ဘယ်သူလဲဆိုတာ စုံစမ်းနေတယ်။ ဆရာဝန်ကြီးနဲ့လည်း ပြင်ပဒဏ်ရာတွေ သေဆုံးချိန်ဘယ်တော့လောက်လဲ၊ သွားစစ်ဆေးပြီး အသက်ခန့်မှန်တာတွေ တိုးလ်ဂိတ်တွေကို ယာဉ်တွေဖြတ်သန်းချိန်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်။ အလောင်းကို ပုဆိုးတစ်ထည်နဲ့ အုပ်ထားတယ်” လို့ပြောပါတယ်

ကျောင်းကုန်းမြို့မရဲစခန်းက အလောင်းလာရောက်ပစ်ထားသွားတဲ့ လူသတ်တရားခံကို အမြန်ဆုံးဖမ်းမိအောင် စုံစမ်းနေပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် ထားပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013