DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြခဲ့​ကြပြီး​နောက် ဓနုဖြူမှ ရွာသား​ ၉ ဦး​ ပြန်လွတ်
DVB
·
May 26, 2012
Donate to DVB

ဧရာဝတီတိုင်း​ ဓနုဖြူမြို့​နယ်မှာ အင်း​ထဲမှာ ငါး​ခိုး​ဖမ်း​တယ်လို့​ စွပ်စွဲဖမ်း​ဆီး​ တရား​စွဲဆိုခံရသူ​တွေကို ပြန်လွှတ်​ပေး​ဖို့​ ရွာသား​တွေက ဆန္ဒပြ​တောင်း​ဆိုလိုက်ပြီး​ နာရီပိုင်း​အကြာမှာ အား​လုံး​ကို သက်ဆိုင်ရာက ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

အလမျိုး​အင်း​အတွင်း​ ငါး​ရှာ​ဖွေစား​သောက်မှုနဲ့​ ရွာသား​ ၉ ဦး​ကို ခိုး​မှုနဲ့​စွဲဆိုထား​တာပါ။ ဒီလ ၂၃ ရက်​နေ့​က ဓနုဖြူမြို့​ ကို ရွာသား​ ၂၀၀ ခန့်​ တက်ပြီး​ သွား​ရောက် အ​ရေး​ဆို ဆန္ဒပြခဲ့​အပြီး​ လွတ်လာကြတာပါ။

သူတို့​က ဖမ်း​ထား​သူ​တွေ ပြန်လွတ်​ရေး​၊​ အင်း​မှာ ငါး​ရှာစား​ခွင့်​ရ​ရေး​၊​ အင်း​သူကြီး​ကို ဖယ်ရှား​ရေး​ ဆန္ဒပြခဲ့​ကြတာပါ။ ဒီအ​ကြောင်း​ကို ရွာသား​တွေ ပြန်လွတ်​ရေး​ လိုက်ပါ​ဆောင်ရွက်တဲ့​ လူအခွင့်​အ​ရေး​ကာကွယ်မြှင့်​တင်သူ ကို​ကျော်လွင်က ခုလို ​ပြောပါတယ်။

“ပြည်သူလူထု ၂၀၀ ​လောက် ငြိမ်း​ချမ်း​စွာ ဆန္ဒပြတယ်။ ပြည်​ထောင်စု ဝန်ကြီး​ လာကြည့်​သွား​ပြီး​ အဖမ်း​ခံထား​ရသူ​တွေကို ပြန်လွှတ်​ပေး​လိုက်ပါ ​နောက်ထပ် တရား​မစွဲပါနဲ့​ ဆိုပြီး​ ​ပြောသွား​တယ်။ ဒါ​ပေမယ့်​ ဓနုဖြူမြို့​နယ် ငါး​လုပ်ငန်း​ဦး​စီး​နဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​၊​ တရား​သူကြီး​တွေက မနာခံဘဲ အဲ့​နေ့​မှာ အမှုဆက်စစ်တယ်။ အမှုစစ်ပြီး​ ငါး​ဖမ်း​လုပ်သား​တွေကို ခံဝန်နဲ့​ လွှတ်မယ်။ ​ကျေ​အေး​လွှာတင်မယ်။ ​နောက်မှလွှတ်မယ်ဆိုပြီး​ ​ပြောတယ်။ ပြည်သူလူထုက လက်မခံဘူး​။ ဓနုဖြူမြို့​နယ် တရား​ရုံး​ရှေ့​မှာ ​နေ့​လယ် ၁ နာရီ​လောက်ကစပြီး​ စာရွက်​ထောင်ပြီး​ ဆန္ဒပြတယ်။ ၃ နာရီထိုး​တဲ့​အထိ သူတို့​ဘက်က အ​ကြောင်း​မပြန်ဘူး​။ ဒါနဲ့​ ငါး​လုပ်ငန်း​ဦး​စီး​ရုံး​နဲ့​ တရား​ရုံး​ကြား​မှာ ၁ မိုင်​လောက် ​ဝေး​တယ်။ လှည့်​လည်တန်း​စီပြီး​ ဆန္ဒပြကြတယ်။ ၃ နာရီခွဲ​လောက်ကြ​တော့​ ၉ ​ယောက်ကို ခြွင်း​ချက်မရှိ လွှတ်​ပေး​တယ်။”

အခင်း​ဖြစ်တဲ့​အင်း​ဟာ အရင်က နယ်​မြေခံ​ကျေး​ရွာသား​တွေ ငါး​ရှာ​ဖွေစား​သောက်ခွင့်​ရှိ​ပေမယ့်​ ၁၉၉၈ ခုနှစ်​လောက်ကစပြီး​ အင်း​သူကြီး​နဲ့​ ငါး​လုပ်ငန်း​ဦး​စီး​ဌာနကသာ ပိုင်တယ်ဆိုပြီး​ ရွာသား​တွေကို ငါး​ဖမ်း​ခွင့်​ ပိတ်ပင်ခဲ့​ပြီး​ ငါး​ဖမ်း​သူ​တွေကိုလည်း​ ဖမ်း​ဆီး​ အ​ရေး​ယူမှု​တွေ ရှိခဲ့​ဖူး​တယ်လို့​ ကို​ကျော်လွင်က ​ပြောပါတယ်။

ရွာသား​ ၅ ဦး​က ငါး​မျှား​တံ၊​ ယက်သဲ့​၊​ အုပ်​စောင်း​တွေနဲ့​ ရှာ​ဖွေစား​သာက်လို့​ရတယ်လို့​ သတင်း​စာမှာပါတာကို ကိုး​ကား​ ​ပြောလို့​ဆိုပြီး​ ကနဦး​ ငါး​ရှာစား​သူ ၄ ဦး​နဲ့​အတူ စုစု​ပေါင်း​ ၉ ဦး​ကို အင်း​သူကြီး​က ခိုး​မှုနဲ့​ ၁၇ ရက်​နေ့​မှာ ရုံး​ကို ဆင့်​ခေါ်ပြီး​ တရား​စွဲဆို ချုပ်​နှောင်ထား​တာဖြစ်ပါတယ်။

ပြန်လည်လွတ်​မြောက်လာကြ​ပေမယ့်​ သူတို့​တောင်း​ဆိုချက် ၃ ချက်အနက် ၁ ချက်ပဲရ​သေး​တာ​ကြောင့်​ အဲဒီအင်း​မှာ ရှာ​ဖွေစား​သောက်​ရေး​ကိစ္စနဲ့​ အင်း​သူကြီး​ကို ဖယ်​ပေး​ရေး​ကိစ္စ ​တောင်း​ဆိုထား​တယ်လို့​ ကို​ကျော်လွင်က ​ပြောပါတယ်။

“​နောက်​နေ့​ အချက် ၂ ချက်ကို မလိုက်​လျောဘူး​ဆိုရင် ဓနုဖြူမြို့​နယ်မှာ လှည့်​ပြီး​ ဆန္ဒပြမယ်ဆိုပြီး​ ​ကြေညာလိုက်​တော့​မှ ဘုံစား​အင်း​အဖြစ် ချ​ပေး​ဖို့​က ဓနုဖြူမြို့​နယ် အာဏာပိုင်နဲ့​ ငါး​လုပ်ငန်း​နဲ့​ တရား​သူကြီး​နဲ့​က လုပ်လို့​ဖြစ်တဲ့​ ကိစ္စမဟုတ်ပါဘူး​။ အင်း​သူကြီး​ကိုလည်း​ ​ကြေး​တိုင်အဖြစ်နဲ့​ ​ပေး​ထား​တော့​ ဖယ်ရှား​ဖို့​က အထက်ကို အဆင့်​ဆင့်​တင်ရပါဦး​မယ် ဆိုပြီး​ ဆန္ဒပြသူ​တွေကို ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ် ၁၀ ဦး​ကို ​ခေါ်​တွေ့​ပြီး​ ညှိနှိုင်း​ပြီး​တော့​ သူတို့​တင်​ပေး​ပါမယ်၊​ သူတို့​တွေ စာ​ရေး​ပေး​တယ်၊​ ဒါကို လက်မှတ်ထိုး​ပြီး​ စာကို အထက်ကို တင်ပြထား​ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013