DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင်ပွင့်၏ သီချင်းသစ် အွန်လိုင်းပေါ်လူကြိုက်များနေ (ရုပ်သံ)
DVB
·
March 18, 2018
ဟာသသရုပ်ဆောင်ပွင့်၏ သီချင်းသစ် အွန်လိုင်းပေါ်လူကြိုက်များနေ (ရုပ်သံ)
Donate to DVB

ချစ်စရာသွင်ပြင်နဲ့ သရုပ်ဆောင်တတ်တဲ့ ဟာသ သရုပ်ဆောင်ပွင့်ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ထွက်ရှိလာတော့မှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ကို အွန်လိုင်းမှာ ထုတ်လွှင့်လိုက်ပါတယ်။

ဒီသီချင်းရဲ့ အမည်ကိုတော့ I’m CEO လို့ အမည်ပေးထားပြီး နာမည်ကြီး တေ ရေးဆရာ ရွှေဂျော်ဂျော်က ရေးပေးခဲ့တာ ဖြစ်ပါတယ်။
“ပြောပြမှ သိမှာလား။ ကျောချမှ သိမှာလား။ လောကဘ၀ နိယာမ။ နင့်ကိုနင် မင်းသမီးများမှတ်နေလား။ မင်းရှိမှ ဖြစ်မှာလား။ မင်းကြည့်လိုက် ဘုတ်ပေါ်မှာ။ ဖတ် ကြည့်လိုက်… ဖတ်ကြည့်လိုက်။ ဘုတ်ပေါ်မှာ… ဖတ်ကြည့်လိုက်… ဖတ်ကြည့်လိုက်… ဖတ်ကြည့်လိုက်… ဖတ်ကြည့်လိုက်။ I’m CEO… Bitch”စတဲ့ သီချင်းစာသား လန်းလန်း တွေနဲ့အတူ ပွင့်ကိုယ်တိုင် အမိုက်စား စတိုင်တွေနဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့တာပါ။
ဒီသီချင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မတ်လ ၁၆ ရက်နေ့ က မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရေးထားခဲ့တာကို တွေ့ရပါတယ်။
“သဲလေးတို့ရေ… မကြာခင်ထွက်ရှိမယ့် ပွင့်ရဲ့ တကိုယ်တော် Single Album ထဲက I’m CEO သီချင်းလေးပါ။ နားဆင်ခံစားကြည့်ပြီး အားပေးဝေဖန်ပေးကြပါဦးနော်”
လက်ရှိမှာတော့ ဒီသီချင်းကို အွန်လိုင်းပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သောင်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013