DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင်တိုက်ပွဲကြား ဒေသခံရွာသားများပိတ်မိနေ
DVB
·
March 18, 2018
ကျောက်မဲမြို့နယ်တွင်တိုက်ပွဲကြား ဒေသခံရွာသားများပိတ်မိနေ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် (RCSS) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ (TNLA) တိုက်ပွဲဖြစ်နေတာကြောင့် အနီးအနားရွာတွေက ရာနဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေပါတယ်။

ကျောက်မဲလူမှုကူညီရေးအဖွဲ့က ဦးတင်မောင်သိန်းက “ဒီနေ့မနက် သတင်းရတာကတော့ တိုက်ပွဲကတော့ ငြိမ်နေပါတယ်။ ပိတ်မိနေတဲ့ နေရာကတော့ ထွက်လာလို့ မရသေးပါဘူး။ ကွန်ကော်ရွာမှာ ရွာသား ၁၆၇ ယောက်၊ တော့ဖေရွာမှာ အယောက် ၁၀၀ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ပရဟိတ အဖွဲ့တွေ စုပေါင်းပြီး မတ်လ ၁၅ ရက်က သွားရောက်ခဲ့ကြပေမယ့် တိုက်ပွဲတွေ ဖြစ်နေလို့ လမ်းခုလတ်ကနေ ပြန်လှည့်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ရက်တွေကတော့ အုံဟွီးနဲ့ မန်ခေါက်က စစ်ရှောင် ၂၂၇ ယောက် ကျောက်မဲမြို့ပေါ်ကို ရောက်လာခဲ့တယ်လို့  ဦးတင်မောင်သိန်းကပြောပါတယ်။

“တချို့က သူတို့ မိတ်ဆွေတွေအိမ်မှာနေကြတယ်။ လောလောဆယ်တော့ စားရေးသောက်ရေး အဆင်ပြေပါတယ်။ နောက်ထပ် စစ်ရှောင်တွေ ထပ်ရောက်လာရင်၊ ရေရှည်ဖြစ်လာရင်တော့ ဒီ လူအုပ်ကြီးကို ဘယ်လို ကျွေးရမလဲ။ သူတို့မှာလည်း ဘာမှ ပါလာတာမဟုတ်ဘူး။ အဲဒါကတော့ အခက်အခဲပါ”

ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ နှစ်ဖက်တပ်တွေကို ညှိနှိုင်းနေတယ်လို့လည်း သူက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS)နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ (TNLA)တို့ဟာ နမ္မတူမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေပြီး နားဆိုင်း၊ မန်ဖာ၊ ပန်လွတ်၊ ၁၈ မိုင်ရွာနဲ့ ပန်ချင်ရွာ စတဲ့ရွာတွေက ဒေသခံတွေဟာ လားရှိုး၊ နမ္မတူမြို့ပေါ်နဲ့ မြို့နယ်ထဲက ရွာတွေကို ထွက်ပြေးနေရပါတယ်။

နောက်ဆုံးရထားတဲ့ စာရင်းအရ မန်စံရွာမှာ ၂၁၂ ယောက်၊ မိုင်းမုရွာမှာ ၄၄၅ ယောက်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းက  TNLA က ဖမ်းထားတဲ့ ပိန်းထွမ်ရွာသား တယောက်လည်း ပြန်မလွတ်လာသေးဘူးလို့ စစ်ဘေးရှောင်သူတွေကို ကူညီနေသူတယောက်ကပြောပါတယ်။

TNLA တပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့တပတ်ကျော်ကပဲ တပ်မတော်နဲ့လည်း နမ္မတူနဲ့ မန်တုံမြို့နယ်ထဲမှာ တိုက်ပွဲတွေ ရင်ဆိုင်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013