DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူအချို့​ကို ရဲကထိုး​ကြိတ်မှုအ​ပေါ် အန်အယ်လ်ဒီကို ​ခေါ်ယူ​မေး​မြန်း
DVB
·
May 26, 2012
Donate to DVB

ဒီလ ၂၄ ရက်​နေ့​ညက ပဲခူး​တိုင်း​ သာယာဝတီမြို့​မှာ ဆန္ဒပြလူငယ်​တွေကို ရဲစခန်း​မှူး​က ထိုး​ကြိတ်တဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (သာယာဝတီမြို့​နယ်) ရဲ့​ သ​ဘောထား​ကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ​ခေါ်ယူညှိနှိုင်း​ ​မေး​မြန်း​ပါတယ်။

လျှပ်စစ်မီး​ရရှိ​ရေး​ ဖ​ယောင်း​တိုင်ထွန်း​ ဆန္ဒပြတဲ့​ လူငယ် ၅ ဦး​ကို သုံး​ဆယ်တံတား​အနီး​မှာ ရဲ ၁၆ ​ယောက်ခန့်​က တား​ပြီး​ ရဲစခန်း​မှူး​ ဦး​စိန်​ထွေး​နဲ့​ အရပ်ဝတ်တဦး​က ကိုယ်ထိလက်​ရောက် ထိုး​ကြိတ်ခဲ့​ပါတယ်။ ဒီကိစ္စ မီဒီယာမှာပါလာပြီး​တဲ့​နောက် သတင်း​တပ်ဖွဲ့​က ထိုး​ကြိတ်ခံရသူ လူငယ်​တွေကို ​မေး​မြန်း​ခဲ့​ပါတယ်။ ထိုး​ခံရတဲ့​ လူငယ် ကို​အောင်မျိုး​ အပါအဝင် လူငယ်တချို့​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ ဖြစ်ကြပါတယ်။

ဒီ​နေ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က သာယာဝတီမြို့​နယ်အဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​အောင်မြင့်​ကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ​ခေါ်ယူ​မေး​မြန်း​ပါတယ်။

ဦး​အောင်မြင့်​က “​မေ ၂၄ရက် ညက ဖြစ်တာကို ​ခေါ်ယူညှိနှိုင်း​ဆွေး​နွေး​တာ​ပေါ့​။ အန်အယ်လ်ဒီ ပါတီအ​နေနဲ့​ ဒီကိစ္စကို ဥပ​ဒေအရ ဆက်လက် အ​ရေး​ယူနိုင်မလား​ပေါ့​။ ကျ​နော်တို့​က ပြဿနာဖြစ်ပွား​တဲ့​ က​လေး​သည် အန်အယ်လ်ဒီပါတီဝင် ဖြစ်တယ်။ ဒါ​ပေမယ့်​ သူ့​ရဲ့​ နိုင်ငံ​ရေး​ လှုပ်ရှား​မှုက အန်အယ်လ်ဒီပါတီ တစုလုံး​အ​နေနဲ့​ လုပ်တာမဟုတ်ဘဲ သူတို့​လူငယ်တစု လုပ်တာဖြစ်တဲ့​အတွက် ရဲရဲ့​ဥပ​ဒေအရ တရား​စွဲမှု မစွဲမှုသည် ကာယကံရှင် ကို​အောင်မျိုး​နဲ့​သာ အဓိက သက်ဆိုင်သည်လို့​ ကျ​နော်တို့​က ​ဖြေရှင်း​ချက်​ပေး​တယ်။ တကယ်လို့​ ကို​အောင်မျိုး​က အန်အယ်လ်ဒီ ပါတီဝင်ဖြစ်တဲ့​အတွက် ပါတီက အ​ရေး​ယူ​ဆောင်ရွက်​ပေး​ပါလို့​ တင်ပြလာရင်လည်း​ ကျ​နော်တို့​က အ​ရေး​ယူ​ဆောင်ရွက်​ပေး​မယ်လို့​ ​ဖြေကြား​လိုက်တယ်” လို့​ ​ပြောပါတယ်။

ဒီ​တွေ့​ဆုံရာမှာ မြို့​နယ်ဥပ​ဒေ အကြံ​ပေး​အရာရှိ​တွေ၊​ မြို့​နယ်ရဲတပ်ဖွဲ့​မှူး​၊​ ထိုး​ကြိတ်တဲ့​ ရဲစခန်း​မှူး​ ဦး​စိန်​ထွေး​နဲ့​ မြို့​နယ်​ကော်မရှင် တာဝန်ရှိသူ​တွေပါ တက်​ရောက်ကြတယ်လို့​ ဆိုပါတယ်။ ပါတီက ကာယကံရှင် လူငယ်​တွေကို ပါတီရုံး​ကို ​ခေါ်ထား​တယ်လို့​ သူက ဆက်​ပြောပါတယ်။

“ကာယကံရှင် ကို​အောင်မျိုး​တို့​ကို ရုံး​ကို​ခေါ်ထား​တယ်။ သူတို့​ကို ဖြစ်ပွား​တဲ့​ ပြဿနာနဲ့​ ပတ်သက်ပြီး​ ပါတီအ​နေနဲ့​ ​ဆောင်ရွက်​ပေး​ရမှာလား​။ တဦး​ချင်း​စီအ​နေနဲ့​ တရား​စွဲဆိုရမှာလား​ ဆိုတာ​မေး​မြန်း​ရမယ်။ က​လေး​တွေကို ဆင့်​ခေါ်ထား​ပါတယ်။”

လျှပ်စစ်မီး​ရရှိ​ရေး​ ဆန္ဒပြပွဲ​တွေကို သာယာဝတီခရိုင် သုံး​ဆယ်မြို့​မှာ ​မေ ၂၅ ရက်​နေ့​ညကလည်း​ လမ်း​လျှောက် စီတန်း​လှည့်​လည်ခြင်း​မပြုဘဲ သတ်မှတ်​နေရာ​တွေမှာလုပ်ခဲ့​ပြီး​ ၂၇ ရက်​နေ့​ထိ ဆက်လက် လုပ်​ဆောင်သွား​မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

ဆန္ဒပြပွဲ​တွေကို ကျန်​နေရာမှာ အကြမ်း​ဖက်မှုမရှိ​ပေမယ့်​ ပြည်မြို့​မှာလည်း​ ရဲက လူ ၆ ​ယောက်ကို ထိုး​ကြိတ်ဖမ်း​ဆီး​ပြီး​ ပြည်​ထောင်အချုပ်မှာ စီတန်း​လှည့်​လည် ဆန္ဒပြခွင့်​ ဥပ​ဒေပုဒ်မနဲ့​ တရား​စွဲထား​ပါတယ်။ လယ်သမား​တွေဘက်ကလည်း​ ရိုက်နှက်သူ ရဲ​တွေကို ​သောကြာ​နေ့​က ရဲစခန်း​မှာ အမှုဖွင့်​ရာ ရဲက အမှုလက်မခံတာ​ကြောင့်​ လာမယ့်​ တနင်္လာ​နေ့​ ရုံး​ဖွင့်​ရက်မှာ တရား​ရုံး​ကို ဦး​တိုက်​လျှောက် တိုင်တန်း​တော့​မှာ ဖြစ်ပါတယ်။

မေ ၂၀ ရက်ကစလို့​ လျှပ်စစ်မီး​ရ​ရေး​ ​တောင်း​ဆိုဆန္ဒပြပွဲ​တွေ မန္တ​လေး​၊​ သုံး​ခွ၊​ ရန်ကုန် မုံရွာနဲ့​ ​ပေါင်း​တည် စတဲ့​နေရာ​တွေမှာ ဖြစ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013