DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအ၀င်အာဆီယံနိုင်ငံများနှင့် သြစတြေးလျ အကြမ်းဖက်မှုနှိမ်နင်းရေးသဘောတူ
DVB
·
March 18, 2018
မြန်မာအပါအ၀င်အာဆီယံနိုင်ငံများနှင့် သြစတြေးလျ အကြမ်းဖက်မှုနှိမ်နင်းရေးသဘောတူ
Donate to DVB

မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ သြစတြေးလျအစိုးရတို့ဟာ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေဖို့ ကတိပြုတဲ့ သဘောတူညီချက်ကို မတ်လ ၁၇ ရက်က လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

လူမှုကွန်ယက်သုံး အစွန်းရောက်မှု တုံ့ပြန်ရေး ဥပဒေပြုရာမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေရေး သဘောတူညီချက်ကို  အာဆီယံ နိုင်ငံတွေနဲ့ နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးကြောင်း သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ကြေညာပါတယ်။

သမားရိုးကျ မဟုတ်တဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေး၊ တန်ဖိုးရှိတဲ့ ကတ်တွေနဲ့ လူအုပ်လိုက် ရံပုံငွေထည့်ဝင်ကြတဲ့ အခြေခံအခင်းအကျင်းတွေဟာ အကြမ်းဖက်ဝါဒအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုကို စုံစမ်း ထောက်လှမ်းဖို့ ပိုခက်စေတယ်လို့ သူက ပြောပါတယ်။

အစ္စလာမစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အင်တာနက်သုံး ဝါဒဖြန့်ချိမှုဟာ အရှေ့တောင်အာရှ ဒေသတ၀န်းက မွတ်ဆလင် သန်း ၃၀၀ကျော်ဆီ ရောက်နိုင်တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်က ပြောပါတယ်။

သြစတြးလျနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံမဟုတ်ပေမယ့် တရုတ်ရဲ့ လွှမ်းမိုးမှု မြင့်တက်လာချိန်မှာ ဒေသတွင်းနိုင်ငံရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ အခုလို အာဆီယံ အထူးထိပ်အစည်းအဝေးပွဲကို လက်ခံကျင်းပတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013