DVB Logo
Home
မေးမြန်းခန်း
၉၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရမည်
DVB
·
May 27, 2012
၉၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရမည်
Donate to DVB

လက်ရှိ အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လက်တွေ့ တရားဝင် အသိအမှတ် မပြုသရွေ့ကာလပတ်လုံး နိုင်ငံရေးပြဿနာအဖြစ် ဆက်လက် တည်ရှိနေမယ် လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၂ နှစ်မြောက်အခါသမယမှာ ထုတ်ပြန်လိုက်တာပါ။
ပြည်ထောာင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတယ်လို့ ပြောကြားချက်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လက်တွေ့ အသက်ဝင်အောင် ဘယ်လိုဆောင်ရွက်မယ် ဆိုတာ မပါရှိတဲ့အတွက် ၀တ်ကျေတန်းကျေ ပြောဆိုချက်အဖြစ် သဘောထားပြီး လက်မခံနိုင်ဘူးလို့ ရေးထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ရှိ အစိုးရအကြား ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ချက်တွေကို ကြိုဆိုပေမယ့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးပါတီ တည်ထောင်ရေး၊ ရွေးကောက်ပွဲဝင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပနေတဲ့ လွှတ်တော်တွင်းကို ၀င်ရေးဆိုတဲ့ အစိုးရရပ်တည်ချက်ဟာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို နိုင်ငံရေြး ပဿနာတွေကိုလည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မယုံကြည်တဲ့ အကြောင်း ကြေညာချက်က ဆိုပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့၊ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့နဲ့ အင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားညီလာခံကြီးတရပ် ခေါ်ယူကျင်းပပြီး နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က တောင်းဆိုထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ အမတ်တွေနဲ့ အခြေပြုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးကို မေးထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013