DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်ပေးရေး မန္တလေးတွင် ကမ်ပိန်းပြုလုပ်
DVB
·
March 18, 2018
သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်ပေးရေး မန္တလေးတွင် ကမ်ပိန်းပြုလုပ်
Donate to DVB

မန္တလေးတိုင်း​ အောင်​​မြေသာစံမြို့နယ်​ အကွက်​ (၁၁၃) ရုံးသာရပ်​မှာ မတ်လ ၁၈ ရက်က ပရဟိတအဖွဲ့တွေနဲ့ လူမူ​ရေးအဖွဲ့အစည်းတွေ၊ ရပ်​မိရပ်ဖတွေပူးပေါင်းပြီး သက်ငယ်​မုဒိမ်းပြုကျင့်​သူကို သေဒဏ်​အပြစ်​​ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

သက်​ငယ်​မုဒိမ်း​မှုတွေ လျော့နည်းပ​ပျောက်​​ရေးနဲ့ သက်​ငယ်​မုဒိမ်းပြုကျင့်သူကို ​သေဒဏ်​အပြစ်​​ပေး​ရေးအတွက် သရုပ်​ပြကမ်​ပိန်းတွေနဲ့အတူ လက်ကမ်းစာစောင်တွေကိုလည်း ဝေငှခဲ့ကြပါတယ်။

မိဘတွေအနေနဲ့ က​လေးတွေကို ဂရုစိုက်​ထိမ်းသိမ်း​ကြဖို့နဲ့ မုဒိမ်းကျင့်​ဖို့ ကြံစည်​ အားထုတ်​​နေသူ​တွေ အသိတရားရဖို့ ရည်​ရွယ်​ပြီး ဒီကမ်​ပိန်းကို ဦး​ဆောင်​လုပ်​ရတာလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဂရပ်ဖစ်တီရေးဆွဲသူ ကိုသန့်​ဇင်​ဝင်းက​ပြောပါတယ်​။

“ကျ​နော်​အ​နေနဲ့ အခုလိုဦး​ဆောင်​လုပ်​ရတာက မကြာခဏ ကြား​နေရတဲ့ သက်​ငယ်​မုဒိမ်း ကိစ္စ​တွေ များလာတာနဲ့ နိုင်​ငံသားတ​ယောက်အ​နေနဲ့ တတ်​နိုင်​သ​လောက်​ ​လျော့ကျစေချင်​တယ်​။ သက်​ငယ်​မုဒိမ်း​ပြုကျင့်တဲ့သူ​တွေကို​ သေဒဏ်​ချမှတ်​​ပေးသင့်တယ်​ထင်​လို့ အသိပညာ​ပေးရင်း ဂရပ်ဖစ်တီဆွဲရင်း၊ လက်​ကမ်းစာ​စောင်​တွေဖြန့်​​ဝေ​ပေးပြီး က​လေးမိဘ​တွေကို ဂရုစိုက်​ထိမ်းသိမ်း​ပေးဖို့၊  မုဒိမ်းကျင့်​ဖို့ ကြံစည်​အားထုတ်​​နေသူ​တွေကိုလဲ အချိန်​မီ အသိတရားဝင်​လာ​စေဖို့ ရည်​ရွယ်​ပြီး ဒီကမ်​ပိန်းကို ဦး​ဆောင်​လုပ်​ရတာ”

ကလေးမိခင်တဦးဖြစ်တဲ့ ဒေါ်မြသက်က “မိန်းက​လေးတွေ ​မွေးထားတဲ့ မိခင်​​တွေအ​နေနဲ့ အရင်​ကထက်​ မိန်းက​လေးငယ်​​တွေကို ပိုပြီးဂရုစိုက်​​စေချင်တယ်။ မုဒိမ်း​ကောင်​​တွေက ကလေးငယ်တွေကို အဓိကပြစ်မှတ်ထားနေကြတာ။ ဒီလိုကလေးငယ်တွေကို ပြုကျင့်နေတဲ့ မုဒိမ်းကောင်တွေကို သေဒဏ်သာ ချမှတ်ပေးဖို့ ကျမက တောင်းဆိုချင်တာ”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013