DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်ကို လက်ခံလိုက်ပြီဟု မှတ်ယူ၍မရနိုင်ကြောင်း ‘ဝ’ တပ်ဖွဲ့ကြေညာ
DVB
·
March 18, 2018
အန်စီအေစာချုပ်ကို လက်ခံလိုက်ပြီဟု မှတ်ယူ၍မရနိုင်ကြောင်း ‘ဝ’ တပ်ဖွဲ့ကြေညာ
Donate to DVB

‘ဝ’ ပြည်နယ်အနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မဆန့်ကျင်ပေမယ့် စာချုပ်သဘောဆောင်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာပါတဲ့ တချို့အချက်တွေကိုသဘောမတူဘူးလို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီက ထုတ်ပြန်ပါတယ်။

‘ဝ’ နဲ့ မိုင်းလားတပ်ဖွဲ့တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်ခံလိုက်ပြီလို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်က ပြောတဲ့အကြောင်း သတင်းတွေ ဖော်ပြခဲ့ကြတဲ့အပေါ် မတ်လ ၁၆ရက်က ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။

ဒီပြောဆိုချက်ဟာ မှန်သလိုနဲ့မှားနေပြီး ပြည်သူတွေကို အထင်အမြင်လွဲအောင် တမင်လုပ်ဆောင်နေတာလို့ သံသယရှိတယ်၊ ‘ဝ’ ပြည်နယ်အနေနဲ့ အန်စီအေစာချုပ်ကို လက်ခံလိုက်ပြီလို့ မှတ်ယူလို့ မရနိုင်ဘူးလို့လည်းဆိုပါတယ်။

“ဒါဟာ အလွန်တာဝန်ယူမှုမရှိဘဲ အမြင်ရှုပ်ထွေးအောင်ပြုလုပ်တဲ့ လုပ်ရပ်ဖြစ်ပါသည်။ မူလက ရပ်တန့်နေပြီး ရှေ့ဆက်ဖို့ အလွန်ခက်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ ဖြစ်စေခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

‘ဝ’ ပြည်နယ်အနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘဲ စာချုပ်သဘောဆောင်တဲ့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာတော့ တချို့အချက်တွေကို သဘောမတူဘူးလို့ ဆိုပါတယ်။ ဒီစာချုပ်ပါ တချို့အချက်တွေကြောင့် မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူး လို့လည်း သုံးသပ်ထားပါတယ်။

‘ဝ’ ပြည်နယ်ဟာ အစိုးရနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားခဲ့ပေမယ့် ‘ဝ’ ပြည်ပါဝင်ဆွေးနွေးတာမရှိခဲ့တဲ့ (NCA) စာချုပ်ကို လက်မှတ်ထိုးဖို့ အရင်အစိုးရက တချိန်လုံး တိုက်တွန်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြ ပါတယ်။

ဒီသဘောထားကွဲလွဲတာတွေကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးနိုင်ရေးအတွက် အာမခံချက်ရှိတဲ့ စာချုပ်ရဖို့ တွေ့ဆုံဆွေးနွေးတာဟာ လက်ရှိ  ‘ဝ’ပြည်နယ်၊ အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်တို့ မဖြစ်မနေလုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013