DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီဆုအတွက် ရွှေစင်ကြယ်လေးများကို ရွှေစင်၅ကျပ်သားဖြင့်ပြုလုပ်ပေးထား
DVB
·
March 18, 2018
ရုပ်ရှင်အကယ်ဒမီဆုအတွက် ရွှေစင်ကြယ်လေးများကို ရွှေစင်၅ကျပ်သားဖြင့်ပြုလုပ်ပေးထား
Donate to DVB

အခုနှစ်ကျင်းပမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နဲ့ Forever Group တို့ ပူးပေါင်းပြီး ရွှေစင်ကြယ်လေးတွေကို ၁၅ပဲရွှေရည်(၅)ကျပ်သားရှိ ရွှေစင်နဲ. ပြုလုပ်ပေးထားတယ်လို့ အောင်သမာဓိ စိန်ရွှေရတနာဆိုင်က သိရပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ အခမ်းအနားမှာလဲ ရွှေ ၂ ကျပ်သားနဲ့ ရွှေစင်ကြယ်လေးတွေ ၁၂ ခု ပြုလုပ်ပေးခွင့်ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို တဘက်တလမ်းကနေ ကူညီပံ့ပိုးပေးခွင့်ရခဲ့တယ်လို့ အောင်သမာဓိ စိန်ရွှေရတနာဆိုင်က ဈေးကွက်မန်နေဂျာ ဒေါက်တာသက်သက်ဇင်က  မနေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြောပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့

ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MEP မှာ ကျင်းပမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013