DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ခွေးသူခိုးများ ဖမ်းဆီးရမိ
DVB
·
March 17, 2018
မုံရွာမြို့တွင် ခွေးသူခိုးများ ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့မရဲစခန်းနယ်မြေထဲမှာ ခွေးခိုးသူ ၃ ယောက်ကို ခွေးတွေနဲ့အတူ ဒီနေ့ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

မြို့ပေါ်မှာ ခွေးတွေ ခိုးနေတယ်လို့ ကြိုတင်သတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမင်းထွန်းနဲ့အဖွဲ့က စောင့်ဆိုင်းနေတုန်း ဖမ်းဆီးမိခဲ့တာပါ။

ခွေး ၈ ကောင်ထည့်ထားတဲ့ ခြင်း ၃ ခြင်းကို ဆိုင်ကယ် ၂ စီးပေါ်တင်ပြီး မောင်းနှင်လာတဲ့ လူ ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

"အရင်က တခြားနယ်တွေမှာ တာဝန်ကျတုန်းကတော့ ကြုံဖူးတယ်ဗျ။ အခုမုံရွာမှာတော့ ဒါက ပထမဆုံးပဲ။ သူတို့က ခွေးလိုက်စုတဲ့အဖွဲ့။ စုထားတဲ့ ခွေးတွေကို လာဝယ်တဲ့အဖွဲ့လည်း ရှိသေးတယ်။ ဖမ်းရတဲ့ခွေးတွေကို အိန္ဒိယနယ်စပ် တမူးမြို့ကို ပို့တာလို့ ပြောတယ်။ ခွေးတွေက ကျော့ကွင်းထောင်ဖမ်းခံရတာတွေ။ ခွေး ၈ ကောင်လုံးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရထားတယ်။ တစ်ချို့ခွေးတွေဆို ခြေလက်တွေမှာရော ဒဏ်ရာရထားတယ်။ လောလောဆယ်တော့ ခွေးတွေကို စခန်းမှာ ခဏထိန်းသိမ်းထားတယ်။ ပိုင်ရှင်စုံစမ်းပြီး ပြန်လည်ပေးအပ်သွားမှာပါ"လို့ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ကျင်စိန်က ဒီဗွီဘီကိုပြောပါတယ်။

ခွေးတွေအားလုံးနီးပါးက နီဝါရောင်တွေဖြစ်ပြီး အရွယ်အစား မတိမ်းမယိမ်း အရွယ်တွေချည်းဖြစ်ပါတယ်။

ခွေးဖမ်းရာမှာ အသုံးပြုတဲ့ ၁၅ ပေလောက်ရှိတဲ့ချည်ကြိုး တချောင်းကိုလည်း သိမ်းဆည်းရမိပါတယ်။

ခွေးတွေကို ရေဦး၊ တန့်ဆည်ဘက်ကနေ ဖမ်းဆီးသယ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိထားတဲ့ အောင်ကိုကို ခေါ် အောင်ကိုဦး၊ ရန်ပိုင်စိုး ခေါ် စိုးသူနဲ့ အောင်သိန်းထွေးတို့ကို မုံရွာမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀၊ ကျင့် ၅၄ ခိုးမှုမသင်္ကာနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013