DVB Logo
Home
မြန်မာသတင်း
သက်​ငယ်​မုဒိမ်းပြုကျင့်သူ​များအား ​သေဒဏ်​​ပေး​ရေး ဥပ​ဒေပြဋ္ဌာန်း​ပေး​ရန် လက်မှတ်ကောက်ခံ
DVB
·
March 17, 2018
သက်​ငယ်​မုဒိမ်းပြုကျင့်သူ​များအား ​သေဒဏ်​​ပေး​ရေး ဥပ​ဒေပြဋ္ဌာန်း​ပေး​ရန် လက်မှတ်ကောက်ခံ
Donate to DVB

သက်​ငယ်​မုဒိမ်းပြုကျင့်သူ​တွေကို ​သေဒဏ်​​ပေး​ဖို့ ဥပ​ဒေပြဋ္ဌာန်း​ပေး​ရေး လက်​မှတ်​ထိုး လှုပ်ရှားမှုကို မန္တ​လေးမှာ ဒီနေ့ပြုလုပ်​ခဲ့ကြပါတယ်။

မန္တ​လေးတိုင်းချမ်းမြသာစည်​မြို့နယ်၊​ မင်္ဂလာမန္တ​လေး အိုရှင်းစူပါစင်​တာရှေ့မှာ မသီရိ​နေလင်းနဲ့ မမြတ်​စုမွန်​တို့ ဦး​ဆောင်​ပြီး သက်​ငယ်​မုဒိမ်းပြုကျင့်ခဲ့သူ​တွေကို​ သေဒဏ်​ပြစ်​ဒဏ်​ ဥပ​ဒေပြဋ္ဌာန်း​ပေးဖို့​ သ​ဘောတူဆန္ဒပြု လက်​မှတ်​​တွေကို​ ကောက်​ခံခဲ့ပါတယ်​။

“အခုကျမတို့ သက်​ငယ်​မုဒိမ်းကျူးလွန်​သူ​တွေကို ​သေဒဏ်​​ပေးဖို့ လက်​မှတ်​ထိုး လာ​ရောက်​ပြီး ​ကောက်​ခံရတာဟာ လက်​မှတ်​​ပေါင်းသုံးသိန်း ပြည့်ရင် ​သက်​ဆိုင်​ရာလွှတ်​​တော်​ကို ​သေဒဏ်​ဥပ​ဒေထွက်​​ပေါ်လာဖို့ တင်​ပြသွားမှာဖြစ်​တယ်​။ ဒါ​ပေမယ့် လက်​မှတ်​ထိုး​ကောက်​ခံဖို့​နေရာကို ​ဈေး​တွေ ဘူတာကြီး​တွေကို သွား​ရောက်​​ကောက်​ခံဖို့ စာတင်​တဲ့အခါမှာ သက်​ဆိုင်​ရာ အစိုးရတာဝန်​ရှိသူ​တွေက ချမ​ပေးဘူး။ လူသူမရှိ၊ မစည်​ကားတဲ့ ​နေရာ​တွေမှာပဲ ​ကောက်​ခံခွင့်ကို ချ​ပေး​နေ​တော့ လက်​မှတ်​ထိုးတာ မရဘူး​လေ။ လူမစည်ကားရာ ​နေရာ​တွေ ချ​ပေးတဲ့အတွက် ​အခက်​အခဲ​တွေနဲ့​တော့ ရင်​ဆိုင်​ကြရတယ်” လို့ ​ဦး​ဆောင်​သူတဦးဖြစ်တဲ့ မမြတ်​စုမွန်​က ​ပြောပါတယ်​။

 

လက်မှတ်ထိုးခဲ့တဲ့ က​လေးမိခင်​တဦးဖြစ်​သူ မဇာခြည်​မြင့်​မောင်​က “ဒီလို သက်​ငယ်​မုဒိန်းကျူးလွန်​သူ​တွေကို ​သေဒဏ်​​ပေးဖို့ လက်​မှတ်​ထိုး​ကောက်​ခံတာကို

ကျမက​တော့ အရမ်းသ​ဘောတူတယ်။ အဲလိုလူ​တွေကို အများသူငါ​ရှေ့မှာပဲ အများပြည်​သူက အပြစ်​​ပေး​စေချင်​တယ်။ ဒါမှ ​နောက်​ဆို ဒီလိုသက်​ငယ်​​တွေကို ​စော်​ကားရင်​ ဒီလိုအပြစ်​​ပေးခံရတယ်​ဆိုတာ သိကြမှာ” လို့ ​ပြောပါတယ်​။

သက်​ငယ်​မုဒိမ်းပြုကျင့်သူ​တွေကို ​သေဒဏ်​​ပေး​ရေးအတွက် ​ရန်​ကုန်၊​ ​တောင်​ငူ၊ အုတ်​တွင်း၊ ပဲခူး၊ ​လှော်​ကား၊ ​ရွှေပြည်​သာ၊ မြိတ်၊​ ပြည်၊​ လပ္ပတ္တာ မြို့​တွေမှာ လက်​မှတ်​​ကောက်​ခံခဲ့ကြပြီး လက်​မှတ်​​ပေါင်း ငါး​သောင်း​ကျော် ​ရရှိထားပါတယ်​။

အခုလာ​ရောက်​​ကောက်​ခံဖို့် ​ဦး​ဆောင်​သူ​တွေဟာ ရန်​ကုန်​ကနေ လာ​ရောက်​ခံကြတာလည်း ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013