DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ထဲ စစ်ဗိုလ်ဟု ယူဆရသူတဦး ခုန်ချ၊ တာဝန်ရှိသူများ ရှာဖွေနေ
DVB
·
March 17, 2018
ချင်းတွင်းမြစ်ထဲ စစ်ဗိုလ်ဟု ယူဆရသူတဦး ခုန်ချ၊ တာဝန်ရှိသူများ ရှာဖွေနေ
Donate to DVB

ကလေးခရိုင်၊ ကလေးဝမြို့၊ ချင်းတွင်းတံတားအနီး အမြန်ရေယာဉ်ပေါ်ကနေ စစ်ဗိုလ်လို့ ယူဆရတဲ့ အမျိုးသားတဦး မတ် ၁၅ ရက်ညနေပိုင်းက ခုန်ချခဲ့ပြီး ဒီနေ့အထိ ရှာမတွေ့သေးကြောင်း ကလေးဝမြို့နယ် ရဲတပ်ဖွဲ့ဝင် အရာရှိတဦးက ပြောပါတယ်။

"ဖြစ်စဉ်က စက်လှေပေါ်က ခုန်ချသွားတယ်။ ပခုံးပေါ် ကြယ် ၂ ပွင့် အဆင့်ရှိတဲ့ စစ်ဗိုလ်တဦးပါ။ ပြောရရင်တော့ ရေထဲက မတွေ့သေးဘူး။ ဒါကြောင့် ဖြစ်စဉ်လောက်ကိုပဲ အထက်ကို တင်ပြထားတယ်။ တကယ်လို့ အလောင်းပေါ်လာတယ်။ သေချာတယ်ဆိုလို့ရှိရင် သေမှုသေခင်းဖွင့်မယ်" လို့ ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

‌မတ်လ ၁၅ ရက်နေ့ ၆ နာရီလောက်က စစ်ဗိုလ်တဦးလို့ ယူဆရသူ အမျိုးသားဟာ ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို မောင်းနှင်နေတဲ့ အောင်မိုးမြင့် အမြန်ရေယာဉ်ပေါ်ကနေ ချင်းတွင်းမြစ်အတွင်းကို ခုန်ချသွားခဲ့တာပါ။

ကလေးဝမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နဲ့ တပ်ဖွဲ့ဝင်တွေအပြင် မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်တွေဟာ အမြန်ရေယာဉ်ပေါ်က မျက်မြင်တွေနဲ့အတူ ခုန်ချသွားသူရဲ့ အိတ်အတွင်း ရှာဖွေမှုတွေပြုလုပ်ခဲ့ကြတယ်၊ ခုန်ချသူဟာ ခမရ ၃၀၇ ဟုမ္မလင်းမြို့တပ်ရင်းက တပ်မတော်အရာရှိ စစ်ဗိုလ် မောင်ဇော်ဖြိုးအောင်ဖြစ်တယ်ဆိုတဲ့ အထောက်အထား စာရွက်တွေကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမြန်ရေယာဉ်ပေါ်ကနေ ချင်းတွင်းမြစ်အတွင်း ခုန်ချသွားသူ ဗိုလ်ဇော်ဖြိုးအောင်ကို ကလေး စကခ (၁၀) မှ ဗိုလ်မှူးကြီး မျိုးမင်းသန့်နဲ့ တပ်မတော်သားတွေ၊ ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ချင်းတွင်းမြစ်အတွင်း လိုက်လံရှာဖွေနေပေမယ့် မတ်လ ၁၇ ရက်ထိ မတွေ့သေးဘူးလို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013