DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်မြေစာပြိုကျမှုကြောင့် လူ ၄ ဦး ပျောက်ဆုံးနေ
DVB
·
March 17, 2018
စွန့်ပစ်မြေစာပြိုကျမှုကြောင့် လူ ၄ ဦး ပျောက်ဆုံးနေ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့် ကံခါကျေးရွာ အနီးမှာ မတ် ၁၆ ရက်နေ့ ည ၁၁ နာရီလောက် ကျောက်စိမ်းတောင် စွန့်ပစ်မြေစာပုံ ပြိုကျလို့ ရေမဆေးလုပ်သမား ၄ ဦး ပျောက်ဆုံးနေတယ်လို့ သင်္ခါလူမှု ကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

ရေမဆေးလုပ်သားတွေဖြစ်တဲ့ မောင်လှရင်ဖု၊ မောင်မင်းဇော်ထူး၊ မောင်ဇင်မင်းဦး (ခ) ဖိုးစီ နဲ့ မျိုးဦးတို့ လေးယောက်ဟာ မြေစာပြိုကျတာကြောင့် ပျောက်ဆုံးနေပြီး ကျန်ရေမဆေးသမား ၁ ယောက်ကိုတော့ ဖားကန့်ဆေးရုံကို ပို့လိုက်ရတယ်လို့ သိရပါတယ်။

“မြေစာပုံပြိုကျမှုမှာ ကျောက်စိမ်းတောင် ကုမ္မဏီက မြေသယ်ကား နှစ်စီးလည်း မြေစာထဲမှာ နစ်မြုပ်ခဲ့ပြီး ယဉ်မောင်းတွေတော့ ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘူး။ ပျောက်နေတဲ့ ရေမဆေးသမားတွေ အလောင်းတွေကတော့ ခုချိန်ထိ ဖော်လို့ မရသေးဘူး" လို့ သင်္ခါလူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်က ပြောပါတယ်။

ကံခါ ကျေးရွာအနီးက စုပေါင်းစွန့်ပစ်မြေစာပုံတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို ကျော်လွန်ပြီး စည်ကမ်းမဲ့ စွန့်ပစ်နေခြင်း ဖြစ်တယ်လို့လည်း ဒေသနေပြည်သူတွေက ပြောပါတယ်။

၂၀၁၅ ခု နိုဝင်ဘာလမှာ မြေစာပြိုကျမှုကြောင့် လူပေါင်း ၁၁၅ ဦး အစုံလိုက်အပြုံလိုက် သေဆုံးသွားခဲ့တာလည်း ကံခါကျေးရွာအနီးက စုပေါင်းစွန့်ပစ်မြေစာပုံတွေမှာ ဖြစ်ပွားခဲ့တာပါ။

အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေကလည်း ဒီနေ့အချိန်ထိ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မရှိပါဘူး။

အတည်ပြုချက် ရယူနိုင်ဖို့ ဖာကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲစခန်း၊ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) တို့ကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ဇော်မိုးထက် ( ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013