DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ကန့်ကွက်ဆန္ဒပြ
DVB
·
March 17, 2018
ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ကန့်ကွက်ဆန္ဒပြ
Donate to DVB

သြစတြေးလျအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ အာဆီယံထိပ်သီးညီလာခံ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတ် ၁၇ ရက်က အင်အား ၁ ရာကျော်လောက်ရှိတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတချို့က ဆစ်ဒနီမြို့ရဲ့ ဟိုက်ဒ်ပါ့ခ်ပန်းခြံမှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တာကတော့ ကျနော်တို့ သူလွတ်မြောက်ရေးအတွက် ကာကွယ်ပေးခဲ့တယ်။ ကျနော်တို့ လုပ်ပေးခဲ့တယ်။ သူယုံကြည်တဲ့ သူ့ဒီမိုကရေစီကို မြှင့်တင်ပေးပြီး ဆန္ဒတွေ ပြပေးခဲ့တယ်။ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ မြှင့်တင်ပေးခဲ့တယ်။ အခု သူက ကျနော်တို့ကို ဆန့်ကျင်ပြီး အဲ့ဒီလူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်တပ်နဲ့ ပူးပေါင်းနေတယ်။” လို့ သြစတြေးလျရှိ ရိုဟင်ဂျာအသိုင်းအဝိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဆူဂျာအူဒင်ခါရီမွတ်ဒင်က ပြောပါတယ်။

ရိုဟင်ဂျာလူနည်းစုအပေါ်ဆက်ဆံပုံနဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းတို့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတာလို့ ဆိုပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွန်တမ်းဘဲလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်တာ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုကိစ္စ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းသွားမယ်လို့ မတ် ၁၆ ရက် သောကြာနေ့က ပြောသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေပိုင်းက သြတြေးလျနိုင်ငံကို ထွက်ခွာသွားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013