DVB Logo
Home
မြန်မာသတင်း
စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် လိင်တူချင်း အဓမ္မကျင့်မှုကို အရေးယူရန် မျှော်လင့်
DVB
·
March 17, 2018
စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် လိင်တူချင်း အဓမ္မကျင့်မှုကို အရေးယူရန် မျှော်လင့်
Donate to DVB

တောင်ဥက္ကလာပမြို့နယ့် မယ်လိမ့်လုံ စားသောက်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လိင်တူချင်း အဓမ္မကျင့်မှုကို အမှန်တရား ပေါ်ပေါက်ပြီး တရားဥပဒေအတိုင်း အရေးယူဖို့ မျှော်လင့်တယ်လို့ LGBT တွေက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ် မယ်လိမ့်လုံ (သူဌေးမကြီး) ရိုးရာစားသောက်ဆိုင်မှာ မတ်လ ၇ ရက်နေ့က စားသောက်ဆိုင်ပိုင်ရှင်က အလိုမတူဘဲ စားပွဲထိုးကို အမျိုးသားချင်း အဓမ္မကျင့်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး အဓမ္မကျင့်တဲ့ပြစ်မှုပုဒ်မ-၃၇၇ နဲ့ အရေးယူ ဖမ်းဆီးထားပါတယ်။

အခုအရေးယူထားတဲ့ လိင်တူချင်း အဓမ္မကျင့်မှုဟာ စွပ်စွဲသူနဲ့ စွပ်စွဲခံအဆင့်သာရှိနေပြီး တရားရုံးကို မရောက်ရှိသေးတဲ့အတွက် တရားဥပဒေအရ အမှန်အတိုင်း ပေါ်ပေါက်ဖို့  လူ့အခွင့်အရေး လေ့လာသူတွေက စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒါမျိုးကိစ္စ ကျူးလွန်ချိန်မှာ LGBT တိုင်း အကုန်လုံး ကောင်းတယ်လို့ ပြောလို့မရဘူး၊ အကုန်လုံး ဆိုးတယ်လို့ ပြောလို့လည်း မရဘူး။ ယောက်ျားတွေလည်း အဲဒီအတိုင်းပါပဲ။ ယောက်ျားတိုင်း ကောင်းတယ် ပြောလို့မရသလို ဆိုးတယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ အခုကိစ္စမျိုးမှာ ကျနော်တို့ LGBT လိင်တူချင်းချစ်တဲ့သူ ဖြစ်ပေမယ့် တရားဥပဒေအတိုင်း ဖြစ်အောင် ကျနော်တို့ စောင့်ကြည့်နေပါတယ်။ လူထုဘက်ကလည်း ကျူးလွန်တဲ့သူနဲ့ တကယ် LGBT လိင်တူချင်း ချစ်တဲ့သူတွေအားလုံးကို ခွဲမြင်ပြီးတော့ ကျူးလွန်တဲ့သူကိုပဲ ကျူးလွန်သူလို့ မြင်ပေးပါ။ အားလုံးကို သိမ်းကျုံးပြီး အထင်သေးတာတွေ၊ တိုက်ခိုက်တာတွေ မဖြစ်ဖို့အတွက်တော့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အနိုင်ငံကျင့်ခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်ဟာ HIV Positive ဖြစ်ပွားနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းရဲ့ အတည်ပြုမှုတွေလည်း ရှိနေတဲ့အတွက် အကာအကွယ်မယူဘဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တဲ့ စားသောက်ဆိုင်ရှင်အပေါ် အပြင်းအထန် ရှုတ်ချ ကန့်ကွက်တယ်လို့ လိင်တူချင်း နှစ်သက်သူတွေက ဆိုပါတယ်။

မိတ်ကပ်ပညာရှင် နဝရတ်အောင်အောင်က “စွပ်စွဲခံထားရတဲ့သူကနေပြီး အမှန်တကယ်သာ အကာအကွယ်မသုံးခဲ့ဘူးဆိုရင် ကျနော်တို့က အပြင်းအထန် ရှုတ်ချရမှာပဲလေ။ နောက်ပြီးတော့ ကျနော်မှ မဟုတ်ဘူး။ LGBT  အဖွဲ့စည်းတခုလုံးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အပြင်းအထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် မယ်လိမ့်လုံ (သူဌေးမကြီး) ရိုးရာစားသောက်ဆိုင်ပိုင်ရှင်ဟာ အခုအချိန်မှာတော့ တောင်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်ခံထားရပြီး ချုပ်ရမန်ယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013