DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ကျွန်းသစ်၊ ရွှေတူးဖော်သူများနှင့် ဆပ်စပ်ပစ္စည်းများ ဖမ်းမိ
DVB
·
March 17, 2018
တရားမ၀င် ကျွန်းသစ်၊ ရွှေတူးဖော်သူများနှင့် ဆပ်စပ်ပစ္စည်းများ ဖမ်းမိ
Donate to DVB

မဘိမ်းမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ်တွေ၊ မော်တော်ယာဉ်တွေ၊ တရားမဝင် ရွှေတူးဖော်သူတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မတ် ၁၃ ရက်မနက်ပိုင်းက ရမ်းဘိုအောက် ကျေးရွာရဲ့ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာမှာ ဦးမန်လီ(ဘ) ဦးမိတုံး အပါအဝင် အမျိုးသား ငါးဦးတို့ကို သရီးကရောင်း ခြောက်ဘီးယာဉ် သုံးစီး၊ တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁၁ တန်၊ တရားမဝင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ၂၂ ကောင် အင်ဂျင်ကိုးလုံး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ ညနေပိုင်းမှာလည်း အဆိုပါ နေရာအနီး ပတ်ဝန်းကျင်မှာ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ခြောက်တန်လောက် တင်ဆောင်ထားတဲ့ သရီးကရောင်း ခြောက်ဘီးယာဉ် တစ်စီးနဲ့အတူ တရားမဝင် စုပုံထားသော ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁၄ တန်၊ ဦးစောနွဲ့အောင် အပါအဝင် အမျိုးသား ၅၁ ဦးအား တရားမဝင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ၂၅ ကောင်အင်ဂျင် ငါးလုံး၊ ၂၈ ကောင်အင်ဂျင် ခြောက်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

မတ် ၁၅ ရက်နေ့မနက်ပိုင်းကလည်း ရမ်းဘိုအောက် ကျေးရွာရဲ့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာ တရားမဝင် ကျွန်းသစ်လုံးနဲ့ သစ်ခွဲသား ဆိုဒ်စုံ ၃ဝ တန်၊ သရီးကရောင်း ခြောက်ဘီးယာဉ် တစ်စီး၊ ဘက်ကပ်ယာဉ် တစ်စီး၊ မီးစက်တစ်လုံးနဲ့ သစ်ခွဲစိတ်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေ၊ မော်တော် ယာဉ်တွေ၊ တရားမဝင် သစ်တွေနဲ့ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မဘိမ်းမြို့နယ် ရဲစခန်းနဲ့ မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနကို အပ်နှံသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013