DVB Logo
Home
မြန်မာသတင်း
မျိုးသုဉ်းလုနီး ဖြစ်နေသည့် ရှားပါး မြန်​မာ့ကြယ်​လိပ်​များ ​ရေရှည်​ထိန်းသိမ်းနိုင်​ရန်​​ အခက်ကြုံ
DVB
·
March 16, 2018
မျိုးသုဉ်းလုနီး ဖြစ်နေသည့် ရှားပါး မြန်​မာ့ကြယ်​လိပ်​များ ​ရေရှည်​ထိန်းသိမ်းနိုင်​ရန်​​ အခက်ကြုံ
1 / 2
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံခရိုင်​ နွားထိုးကြီးမြို့နယ်​ရှိ မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန် ​​ဘေးမဲ့​တောမှာရှိတဲ့ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ရှားပါး မြန်​မာ့ကြယ်​လိပ်​တွေကို ​ရေရှည်​ ထိန်းသိမ်း​မွေးမြူဖို့​အတွက်​ လျှပ်စစ်မီး မရှိတာကြောင့် အခက်ခဲကြုံနေရပါတယ်။

ကြယ်​လိပ်​တွေဟာ ပူပြင်းတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး​​​ ပုံမှန်​ သား​ပေါက်​ချိန်​ဟာ ၃ လမှ ၈ လအတွင်း အချိန်​ ကြာမြင့်​ပြီး လိပ်​အ​ကောင်​​ရေ များများရရှိဖို့​အတွက်​ဆိုရင်​ လျှပ်​စစ်​မီးကို အသုံးပြုပြီး သား​ဖောက်​တာတွေေ​ဆာင်​ရွက်​ရတယ်​လို့ မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန် ​​ဘေးမဲ့​တော အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူတ​ဦးက ပြောပါတယ်​။

“အဓိက အခက်​အခဲက​တော့ မြန်​မာ့ဂုဏ်​​ဆောင်​ဖြစ်​တဲ့ မြန်​မာ့ကြယ်​လိပ်​​တွေရှိတဲ့​နေရာမှာ လျှပ်​စစ်​မီး မရှိပါဘူး၊ လက်​ရှိက​တော့ ဆိုလာပြားနဲ့ မီးလင်း​အောင်​ ဖန်​တီးထားပါတယ်​။ ကြယ်​လိပ်​ထိန်းသိမ်းရန် လုံခြုံ​ရေးအတွက်​ လျှပ်​စစ်​မီးလိုပါတယ်​။ ပြီး​တော့ နိုင်​ငံ​တောက ချ​ပေးတဲ့ ကြယ်​လိပ်​အစာဖိုးက တကောင်​အတွက်​ ၁၀ ကျပ်​ပဲ ချ​ပေးထားပါတယ်​။ လက်​ရှိကုန်​​ဈေးနှုန်းနဲ့က ဘယ်​လိုမှ မဖြစ်​နိုင်​​တော့ပါဘူး။ ​နောက်​ပြီး ဝန်​ထမ်းအင်​အား လိုအပ်​ပါတယ်​။ ဒီမှာ ဝန်​ထမ်းအင်​အား ၁၅ ဦးထဲ ရှိ​နေတာမို့ လုံခြုံ​ရေးအတွက်​ပါ အခက်​အခဲ​တွေ ရှိနေပါတယ်​” လို့ သူက ​ပြောဆိုပါတယ်​။

မင်းစုံ​တောင် ​​ဘေးမဲ့​တောမှာ အဓိကလုပ်​ငန်း ၄ ခု ဖြစ်​တဲ့ ​ကျေးလက်​ထိန်းသိမ်းခြင်း၊ ကြယ်​လိပ် ​​မွေးမြူထိန်းသိမ်းခြင်း၊ ပညာ​ပေးလုပ်​ငန်းတွေ ​ဆောင်​ရွက်​ခြင်းနဲ့ အပူပိုင်း​ဒေသ ဖြစ်​တဲ့အတွက်​ ​ခြောက်​​သွေ့တဲ့​ နွေရာသီမှာ သဘာဝမီး​ဘေးအန္တရာယ် ​ကာကွယ်ရန်​​တို့ ပါဝင်​ပြီး သဘာဝကိုအ​ခြေခံတဲ့ ခရီးသွားလုပ်​ငန်း​တွေကို အ​ထောက်​အကူပြုနိုင်​ဖို့တို့ ပါဝင်​ပါတယ်​။

“အဓိက​တော့ အပူပိုင်း​ဂေဟစနစ်​ကို ထိန်းသိမ်းခြင်း၊ အပူပိုင်း​ဒေသ အမြဲတမ်း စိမ်းလန်းစို​ပြည်​ရေးနဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေကို ထိန်းသိမ်းကာကွယ်​​ရေး ပါဝင်​ပါတယ်​။ ဒီမှာက သား​ကောင်​အ​နေနဲ့ မြန်​မာ့ကြယ်​လိပ်​ကို အဓိကထားပြီး ထိန်းသိမ်းပါတယ်​။ မြန်​မာပြည်​မှာ လိပ်​မျိုး​ပေါင်း ၃၁ မျိုးရှိ​ပါတယ်​။ ကြယ်​လိပ်​​တွေကို ခြံ​လှောင်​​မွေးမြူခြင်းနဲ့ သဘာဝ​တောထဲ ​ဘေးမဲ့ လွှတ်​​ပေးခြင်း စတာ​တွေ ရှိပါတယ်​။ ခြံ​လှောင်​​မွေးမြူခြင်းက​နေ ၂၀၁၃ ခုနှစ်​မှ စပြီး သဘာဝ​တောတွင်း ​ဘေးမဲ့အဖြစ်​ ကြယ်​လိပ်​များကို လွှတ်​​ပေးခဲ့တယ်​” လို့ တာဝန်ရှိသူကဒီဗွီဘီ ကို​ပြောပါတယ်​။

မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန်​​ဘေးမဲ့​တောမှာ ဧရိယာအကျယ်​အဝန်း ၅၅၇၅ ဧက ရှိပြီး မြန်​မာ့ကြယ်​လိပ်​ကို ၁၉၉၉ ခုနှစ်​မှ ကြယ်​လိပ်​ အထီး ၆ ​ကောင်​ အမ ၆ ​ကောင်​ စတင်​​မွေးမြူခဲ့ကာ  ၁၈ နှစ်​တာ ကာလအတွင်းမှာ ခြံ​လှောင်​​မွေးမြူထားတဲ့ ကြယ်​လိပ်​အ​ကောင်​​ရေ ၂၅၁၅ ​ကောင်​ရှိပြီ ဖြစ်ပါတယ်။

သဘာဝ​တောအတွင်း အ​ကောင်​​ရေ ၁၀၅၀ ကို လွှတ်​​ပေးခဲ့ပြီးဖြစ်​ကာ  မြန်​မာ့ကြယ်​လိပ်​ကို မင်းစုံ​တောင်​​ ဘေးမဲ့​တောနဲ့ မ​ကွေးတိုင်း​ဒေသကြီးမှာရှိတဲ့ ​ရွှေစက်​​တော်​​ ဘေးမဲ့​​တော​တွေမှာ မြင်​​တွေ့နိုင်​တယ်​လို့ သိရပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013