DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 16, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ငွေကျပ် ၄၉၃,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် တတန်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ တတန်ကို ၆,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၃၈၄,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ တပိဿာကို ၁၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၇၇၀ ကျပ် ရှိပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၀၅၀ ကျပ်ကနေ ၁,၂၇၀ ကျပ် ပေါက်ဈေးရှိပြီး ၁ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲဖြူလုံး
ကုလားပဲဖြူလုံးက ဒီနေ့မှာ တပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၂၆၀ ကျပ်ကနေ ၁,၃၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ တပိဿာကို ၁,၉၁၀ ကျပ်ကနေ ၂,၁၆၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။

ဘိုကိတ်ပဲ
အောင်လံကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက ၁ တင်းကို ၁၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၈,၅၀၀ ပေါက်ဈေးရှိပြီး တတင်းကို ငွေကျပ် ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြေပဲဆံနီ
မြေပဲဆံနီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၂၇၅ ကျပ်ကနေ ၂,၃၀၀ ကျပ် ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေမှာ မြေပဲဆံနီကတော့ ဈေးအနည်းငယ် ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆီစက်သမားတွေ အဝယ်ရှိတဲ့အတွက် ဈေးက မြင့်တက်လာခဲ့ပေမယ့် ဒီတပတ်မှာတော့ ဝယ်လိုအားအနည်းငယ် လျော့သွားတဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။ တပတ်အတွင်း တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ ဘိုကိတ်ပဲ ဖြစ်ပါတယ်။ ပဲအသစ်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ရန်ကုန်-မန္တလေး ဝယ်လက်တွေက ဝင်သလောက် ဝယ်နေတဲ့အတွက် အရောင်းအဝယ်ကလည်း သွက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက ဈေးကျဆင်းခဲ့တဲ့အတွက် အကျဈေးနဲ့ ဝယ်ယူမှုများပြီး ဈေးပြန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပဲတီစိမ်းသီးနှံကတော့ လက်ရှိမှာ အဝင်ကလည်း နည်းလာပြီး အရောင်းအဝယ်ကလည်း အေးလာပါတယ်။ နယ်တွေကို ကုန်သည်တွေ ကိုယ်တိုင် ဈေးအမြင့်ပေးပြီး ဝင်ရောက် ဆင်းဝယ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် တောင်သူတွေက မထုတ်သေးဘဲ ဈေးစောင့် ရောင်းချနေတဲ့အတွက် ကုန်စည်ဒိုင်တွေကို ပဲဝင်ရောက်မှုကလည်း နည်းနေတယ်လို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013