DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် တီဘီရောဂါရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံချက် ရေးဆွဲ
DVB
·
March 16, 2018
တမူးမြို့တွင် တီဘီရောဂါရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံချက် ရေးဆွဲ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ပြည်သူလူထု အခြေပြုပြီး တီဘီရောဂါ ရှာဖွေရေးလုပ်ငန်းတွေကို အခုနှစ် စက်တင်ဘာလအထိ ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ကျန်းမာရေးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ စီမံချက် ရေးဆွဲနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဟာ တမူးခရိုင်ထဲမှာ ၂၀၁၇ ခုနှစ် ဇွန်လက စတင်ရုံးစိုက်ခဲ့ပြီး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် စေတနာ့ဝန်ထမ်း ၄၂ ယောက်ကို ရွေးချယ်သင်တန်းပေးခဲ့ပါတယ်။

တမူးမြို့နယ်မှာ တီဘီရောဂါ သံသယရှိလူနာ ရှာဖွေတဲ့ လုပ်ငန်းတွေအပြင် သလိပ် စုဆောင်းပေးပို့တဲ့ ဌာနတွေ ထားရှိပေးပြီး ရောဂါရှာဖွေတွေ့ရှိတဲ့ လူနာတွေကိုလည်း တီဘီဆေး တိုက်ကျွေးနိုင်အောင် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းရဲ့ တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း တမူးမြို့နယ် ကျေးရွာတွေက ပြည်သူလူထု ကိုးထောင်ကျော်ကို ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ တမူးမြို့၊ ကလေးမြို့နယ်တွေထဲမှာ တီဘီရောဂါ အဖြစ်များပြီး ဆေးယဉ်ပါးတဲ့အဆင့် ပိုများတယ်လို့ သိရပါတယ်။

ရောဂါရှာဖွေရေးအနေနဲ့ USAID က ရောဂါရှာဖွေပေးပြီး ရောဂါဝေဒနာရှင်အတွက် ဆေးသောက်နေတဲ့ ကာလမှာ အသုံးအဆာင်တွေ ထောက်ပံ့ပေးတယ်လို့ လက်ထောက်မန်နေဂျာ နိုင်သူရသင်က ပြောပါတယ်။

တမူးခရိုင်အတွင်းမှာ တီဘီပိုးတွေ့လူနာ ၂၀၁၅ ခုနှစ်မှာ ၁၅၂ ယောက်၊ ၂၀၁၆ ခုနှစ်မှာ ၁၂၄ ယောက်နဲ့ ၂၀၁၇မှာ ၈၃ ယောက်ရှိပြီး တနှစ်ထက်တနှစ် လူနာဦးရေ လျော့ကျလာတယ်လို့ ဆိုပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013