DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းစနစ် ဝန်ဆောင်မှုကြောင့် အပြင်အငှားယာဉ်မောင်းများ ဈေးကွက်ပျောက်လာ
DVB
·
March 16, 2018
အွန်လိုင်းစနစ် ဝန်ဆောင်မှုကြောင့် အပြင်အငှားယာဉ်မောင်းများ ဈေးကွက်ပျောက်လာ
Donate to DVB

အွန်လိုင်းစနစ်နဲ့ အငှားယာဉ်မောင်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပေါ်လာတဲ့အတွက် အပြင်အငှားယာဉ်မောင်းတွေ ဈေးကွက်ပျောက်လာတယ်လို့ အငှားမောင်းသူတွေက ပြောပါတယ်။

အွန်လိုင်းကနေ ငှားလို့ရတဲ့ ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုက ခရီးသည်တွေရဲ့ လုံခြုံမှုအပိုင်း စိတ်ချရလို့ ပိုမိုအသုံးပြုလာကြတာလို့ အငှားယာဉ်မောင်းတွေက သူတို့အမြင်ကို သုံးသပ်ကြပါတယ်။

ဒီလိုကုမ္ပဏီတွေ ဝင်ရောက်လာလို့ ကိုယ်ပိုင်အငှားယာဉ်မောင်းသူတွေကိုတော့ ထိခိုက်မှုမရှိပေမယ့် အပြင်အငှား Taxi မောင်းသူတွေကတော့ ဈေးကွက်ပျောက်မှုနဲ့ ကြုံတွေ့နေရတာပါ။

Taxi မောင်းသူ ကိုမြဦးက “ဒီလိုပဲ ရှာရတာပေါ့။ ပါးသွားတယ်ဆိုတော့ နည်းနည်းပိုတိုးရှာရတယ်။ အရင်တုန်းကဆိုရင် နည်းနည်းနားချိန် များများရသေးတယ်။ အခုကျတော့ သိပ်ဆွဲမကောင်းတော့ နားချိန်သိပ်မရတော့ဘူး” လို့ ပြောပါတယ်။

အွန်လိုင်းစနစ်ကို တပ်ဆင်ထားတဲ့ အငှားယာဉ်မောင်းတွေကတော့ အသုံးပြုသူ များတဲ့အတွက် ဈေးကွက်အရ ကောင်းတယ်လို့ ဆိုပါတယ်။ အရင်လို ခရီးသည်ကို အချိန်ကုန်ခံ ရှာစရာမလိုဘူးလို့လည်း ဆိုပါတယ်။

အွန်လိုင်းစနစ် အသုံးပြုထားတဲ့ အငှားယာဉ်မောင်း ကိုတင်လတ်က “ဒီအတိုင်း လျှောက်မောင်းနေရင် တခါတလေ ပါကင်မှာထိုင်ပြီး လူလည်း မရဘူး။ အဓိကက အချိန်ဗျ။ ကျနော်တို့က အချိန်ရှိသရွေ့ အလုပ်လုပ်နေရတာ။ အချိန်တွေ ကုန်၊ နှောင့်နှေးတယ်ဆိုရင် အလကားပဲလေ” လို့ ပြောပါတယ်။

ပြည်တွင်းမှာ GRAB၊ အူဘားနဲ့ အိုးဝေ စတဲ့အငှားယာဉ်မောင်း ဝန်ဆောင်မှုပေးနေတဲ့ အွန်လိုင်းကုမ္ပဏီတွေ ရှိပါတယ်။

ဒီကုမ္ပဏီတွေကို အသုံးပြုနေတဲ့ ခရီးသည်ပေါင်း သိန်းချီရှိတယ်လို့လည်း အွန်လိုင်း အငှားယာဉ်မောင်းကုမ္ပဏီတခုက ဖော်ပြထားပါတယ်။

ရန်ကုန်မှာ အငှားယာဉ်မောင်း ၆ သောင်းကျော်ရှိတယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013