DVB Logo
Home
မြန်မာသတင်း
‘မှည့်’ အမည်ရ ဟဲလေးသီချင်းသစ် လူမှုကွန်ရက်ပေါ် ရေပန်းစားနေ (ရုပ်သံ)
DVB
·
March 16, 2018
‘မှည့်’ အမည်ရ ဟဲလေးသီချင်းသစ် လူမှုကွန်ရက်ပေါ် ရေပန်းစားနေ (ရုပ်သံ)
Donate to DVB

အဆိုတော် ဟဲလေးရဲ့ ‘မှည့်’လို့ အမည်ရတဲ့ သီချင်းသစ်တပုဒ်ကို မတ် ၁၅ ရက်နေ့က မျှဝေခဲ့ပြီး လက်ရှိမှာတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။
ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြူးမြူးကြွကြွသီချင်းစာသားတွေနဲ့ အကအလှတွေကိုလည်း တွေ့ကြရမှာပါ။
အဆိုတော်ဟဲလေးက ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးထားပြီး မျှဝေထားတာပါ။
‘ချစ်လှစွာသော..ပရိသတ်များ..မိတ်ဆွေသူငယ်ချင်းများ
အနုပညာညီအကိုမောင်နှမများ...ဆွေမျိုးများ
ခင်ဗျာ..ခုချိန်ကစ..စိတ်ကြိုက်မှည့်လို့ရပါပြီ
အားမနာတမ်း...Shareလို့ရပါပြီ ❤
ကျေးဇူးအမှည့်ကြီးပါ...Love u all ❤ ❤ ❤’
အလန်းစားသီချင်းစာသားတွေထဲမှာတော့ “သွားမထိနဲ့နော်။ Shock တက်လိမ့်မယ် တို့အစ်ကိုကြီး။ ပုရိသတွေ မင်းမှမင်းပဲ ဖြစ်နေပြီ။ သွားမထိနဲ့နော် ဓာတ်လိုက်လိမ့်မယ် တို့အစ်ကိုကြီး။ ပုရိသတွေ သည်းသည်းမည်းမည်း ဖြစ်ကုန်ပြီ……. မင်းလေးက မှည့်… သိပ်သိပ်မှည့်… မင်းအချစ်က ငါ့အတွက်တော့ စားလို့ကောင်းတဲ့ ဒူးရင်းသီး”စတဲ့ အမိုက်စား သီချင်းစာသားတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီသီချင်းဟာ ရေပန်းစားနေပြီး အင်တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်း ၃ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013