DVB Logo
Home
မြန်မာသတင်း
သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်ထုတ်ပေး
DVB
·
March 15, 2018
သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်ထုတ်ပေး
Donate to DVB

 

အခုနှစ် ရန်ကုန်တိုင်းဒေသကြီးမှာ ကျင်းပသွားမယ့် မြန်မာ့ရိုးရာ မဟာသင်္ကြန်မှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူတွေအတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးချုပ်မှာ စတင်ထုတ်ပေးနေပါတယ်။

မဏ္ဍာပ်အကြီးနဲ့ မဏ္ဍပ်အလတ်တွေကိုတော့ စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၄၅ ချက်နဲ့အညီ ဆောက်လုပ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

မဏ္ဍပ်ဆောက်လုပ်လိုသူတွေကတော့ ဆောက်လုပ်ခွင့်တွေကို စည်ပင်သာယာရေး ကော်မတီမှာ အခုချိန်ကနေ စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ဆောက်လုပ်ခွင့် လျှောက်လွှာတွေ ကိုတော့ မတ် ၂၅ ရက်နေ့ နောက်ဆုံး တင်သွင်းရမှာ ဖြစ်ပါတယ်။

အခုနှစ်သင်္ကြန်မှာတော့ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်ဆိုပြီး မိမိကြိက်နှစ်သက်ရာ မဏ္ဍပ်အမျိုးအစားအလိုက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

စည်ပင်သာယာရေး ကော်မတီအနေနဲ့တော့ ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနဲ့ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခုကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိသူတွေ အနေနဲ့ မဏ္ဍပ်အကြီးတွေဆိုရင် စပေါ်ငွေ သိန်း ၂၀၀ နဲ့ မဏ္ဍပ်အလတ်တွေ ဆိုရင် စပေါ်ငွေသိန်း ၁၀၀ ပေးသွင်းရမှာပါ။

မဏ္ဍပ်ဆောက်လုပ်ခွင့်တွေကိုတော့ ရန်ကုန်မြို့ရဲ့စည်းကားပြီး လူသွား လူလာများတဲ့ လမ်းတွေဖြစ်တဲ့ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ စက်မှု (၁) လမ်း၊ ဗိုလ်ချူပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ပုစွန်တောင်လမ်းမကြီး၊ သံသုမာလမ်းနဲ့ ကြည့်မြင်တိုင် ကမ်းနားလမ်းတို့မှာ ဆောက်လုပ်ခွင့်ပေးသွားမှာပါ။

အခုနှစ် ရန်ကုန်သင်္ကြန်မှာ ထူးထူးခြားခြားအနေနဲ့ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး လူစည်းကားတဲ့နေရာတွေဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့မှာ စတုဒီသာကျွေးမွေးမှုတွေကို လုပ်ဆောင်သွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013