DVB Logo
Home
မြန်မာသတင်း
ဒလတွင် ရေလီတာ ၂ သိန်း အခမဲ့ စတင်ဖြန့်ဝေပေးပြီဟု ဝန်ကြီးချုပ် ပြော
DVB
·
March 15, 2018
ဒလတွင် ရေလီတာ ၂ သိန်း အခမဲ့ စတင်ဖြန့်ဝေပေးပြီဟု ဝန်ကြီးချုပ် ပြော
1 / 6
Donate to DVB

 

ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွက် နွေရာသီမှာ သုံးနိုင်ဖို့ ရေလီတာ ၂ သိန်းကို ဒီနေ့ ညနေပိုင်း စတင်ဖြန့်ဝေပေးတော့မယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒလမြို့နယ်၊ ဆာပါချောင်ရပ်ကွက်မှာ ဒီမနက်လုပ်ခဲ့တဲ့ ဒလမြို့နယ်အတွင်း သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်ရေး ရေသန့်စက်ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

“ဒီနေ့ တည်ဆောက်တဲ့ ရေသန့်ဖြန့်ဝေရေးလုပ်ငန်းမှာ မြို့တော် စည်ပင်သာယာရေး ကော်မတီရယ်၊ ကုမ္ပဏီရယ်နဲ့ ကျနော်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ဒါအစိုးရကနေ စီမံဆောင်ရွက်နေတဲ့ပွဲ ဖြစ်ပါတယ်။ ကျနော် ဘာကြောင့် ဒီကို လာခဲ့သလဲဆိုရင် နွေရာသီရောက်တော့မှာ ဖြစ်တဲ့အတွက် ရေအခမဲ့ဖြန့်ဝေရေးကိစ္စကို ကျနော်တို့ဘက်က အချိန်မြန်မြန် ဆောင်ရွက်ချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့ဖွင့်ပွဲလုပ်ပြီးသွားရင် ဒီနေ့ညနေမှာပဲ ဘုန်းကြီးကျောင်းတွေမှာပဲ ရေပေးဝေမယ်တို့ ရပ်ရွာထဲမှာပဲ ရေဖြန့်ပေးမယ်ဆိုတဲ့ အခြေအနေတခုရမှာ ဖြစ်ပါတယ်။ ဒလအတွက် ရေချို နေ့စဉ်နေ့တိုင်း လီတာ ၂ သိန်း သုံးစွဲခွင့် စရတော့မှာပဲ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒလမြို့နယ်အတွင်း လာမယ့် ၆ လလောက်မှာ ရေလီတာ ၃ သန်းကို ပိုက်လိုင်းနဲ့  ရေပေးနိုင်မယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

အဲဒီနောက် အဆင့်ဆင့်အနေနဲ့ ရေလီတာ ၅၃ သန်းကို ကော့မှူး၊ တွံတေးမြို့နယ်များအထိ ရေပေးဝေ နိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း တိုင်းအစိုးရအဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။

နောက်ပိုင်းမှာ ရေဖိုးငွေတွေကို စည်ပင်သာယာက ကောက်ခံသွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

အခုအစီစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနဲ့ AG Resources Myanmar Co.Ltd., တို့ အကျိုးတူပူးပေါင်းဆောင်ရွက်တာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။

“ရေသန့်ဘူးထဲကို ရေထည့်ပြီးပေးဝေတဲ့ အစီအစဉ်မျိုး ကျွန်တော်တို့ အစီအစဉ်က ဒီလိုမဟုတ်ဘဲ မဟုတ်ဘဲ မြို့တမြို့လုံးကို ပိုက်လိုင်းနဲ့ ရေပေးဖို့အတွက် စီမံနေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ပုဂ္ဂလိကကုမ္ပဏီက အစိုးရနဲ့ပူးပေါင်းပြီးတော့ (PPP) ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီပုဂ္ဂလိကရယ်၊ အစိုးရရယ်ပူးပေါင်းပြီးတော့ ရေသန့်ထုတ်လုပ်ပြီး အိမ်တိုင်းကို ပိုက်လိုင်းနဲ့ စည်ပင်သာယာကနေ ရေပေးဝေတဲ့ ပုံသဏ္ဌာန်မျိုးနဲ့ ရေပေးဝေသွားမှာ ဖြစ်ပါတယ်။ ဒီငွေကြေးကောက်ခံမှုတွေကိုလည်း စည်ပင်သာယာကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါတိုင်းစည်ပင်ကနေ မြို့တော်စည်ပင်သာယာနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

ရန်ကုန်မြို့တဘက်ကမ်းမှာတည်ရှိတဲ့ ဒလမြို့ဟာ နှစ်စဉ် နွေရာသီရောက်တာနဲ့ သောက်သုံးရေအခက်တွေ့လေ့ရှိပြီး ရေအလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013