DVB Logo
Home
မြန်မာသတင်း
ပုဗ္ဗသီရိမြို့နယ်တွင် ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၅၉ ရွက် သိမ်းဆည်းရမိ
DVB
·
March 15, 2018
ပုဗ္ဗသီရိမြို့နယ်တွင် ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၅၉ ရွက် သိမ်းဆည်းရမိ
Donate to DVB

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းတခုမှ ချေးငွေထုတ်ချေးရာမှာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၉ ရွက် တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာမှာ နေမင်း ရောင်ခြည်အသင်း (အသေးစား ငွေရေးကြေးရေးလုပ်ငန်း) က ငွေထုတ်ချေးရာမှာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေပါရှိကြောင်း သတင်းအရ ဥတ္တရခရိုင်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

နေမင်းရောင်ခြည်အသင်းမှ ငွေချေးအရာရှိ ဦးနေလင်းထွန်းနဲ့ ဒေါ်အေးမြတ်မိုးတို့က ဥယျဉ်ကျေးရွာရှိ ဦးစိုးဝင်းနေအိမ်မှာ ငွေကြေးအမှန် တကယ်လိုအပ်နေတဲ့ ကျေးရွာနေ ပြည်သူ ၅၇ ဦးအား ၁ ဦးလျှင် အနည်းဆုံး ၁ သိန်းကျပ်မှ ၄ သိန်း ခွဲကျပ်အထိ အတိုး ၂.၅ ကျပ်နှုန်းနဲ့ စုစုပေါင်းငွေ ၂၂,၉၈၀,၀၀၀ ကျပ်အား ထုတ်ချေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါချေးထားငွေတွေထဲက ၁၀,၀၀၀ ကျပ် တန်ငွေစက္ကူ အတု ၁၂၇ ရွက်ပါရှိလို့ ဒေသခံတွေက မတ်လ ၁၄ ရက်နေ့မနက်မှာ ငွေထပ်မံထုတ်ချေးပေးဖို့ ရောက်ရှိလာတဲ့ နေမင်းရောင်ခြည်အသင်း ဒေါ်ခင်စောယုနဲ့ ၅ ဦးပါအဖွဲ့ထံ ပြန်လည်အပ်နှံခဲ့တာကြောင့် အဆိုပါငွေစက္ကူ အတုတွေကို သိမ်ဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် မွန်းတည့် ၁၂ နာရီလောက်မှာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက် နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေးလုပ်ငန်း) ရုံးကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရှာဖွေခဲ့ကြပါတယ်။

စစ်ဆေးရာမှာ ကုမ္ပဏီမှ ငွေကိုင် မချစ်စုဝေနဲ့ စီမံကိန်းညှိနှိုင်းရေးမှူး မအိဖြူအေးတို့ထံမှ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၂ ရွက်နဲ့ ရုံးခန်း အပေါ်ထပ်က ငွေတုပြုလုပ်ရာမှာ အသုံးပြုတဲ့ Sharp MX2310F အမျိုးအစား ကာလာမိတ္တူစက် ၁ လုံး၊ စက္ကူဖြတ်စက် ၁ ခု၊ A4 စက္ကူတွေကို ထပ်မံတွေ့ရှိ သိမ်းဆည်းမိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ နေမင်းရောင်ခြည်အသင်း (အသေးစားငွေရေး ကြေးရေး လုပ်ငန်း)မှ ငွေတွေအား မချစ်စုဝေနဲ့ မအိဖြူတို့က ကိုယ်ကျိုးအတွက်သုံးစွဲမိရာမှ ပြန်လည် မပေးအပ်နိုင်သောကြောင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေ မိတ္တူကူးယူပြီး ငွေချေး အရာရှိ ဦးနေလင်းထွန်း ထုတ်ယူသော ငွေ ၂၅၀ သိန်းကျပ်ထဲ ရောပြီးထည့်ပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ငွေစက္ကူအတုပြုလုပ်သူ မချစ်စုဝေ နဲ့ မအိဖြူအေးတို့အား ကျည်တောင်ကန်နယ်မြေရဲစခန်း (ပ)၂၁/၂၀၁၈ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013