DVB Logo
Home
မြန်မာသတင်း
နွေကာလ ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များ ကြိုတင်သတိပေး
DVB
·
March 15, 2018
နွေကာလ ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များ ကြိုတင်သတိပေး
Donate to DVB

နွေကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြိုတင်သတိပေး နှိုးဆော်ချက်တရပ်ကို မိုးဇလက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို အထူးဂရုပြု နေထိုင်သွားကြဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013