DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အဝင် မီးလောင်နေသည့်အမှိုက်ပုံ စတင်ရှင်းလင်း
DVB
·
March 15, 2018
ဖြူးမြို့အဝင် မီးလောင်နေသည့်အမှိုက်ပုံ စတင်ရှင်းလင်း
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အဝင် ဖြူးချောင်းအနီးရှိ စည်ပင်မှ လာရောက်စွန့်ပစ်ထားတဲ့ မီးလောင်နေတဲ့ အမှိုက်ပုံကို ဒီနေ့မနက်ပိုင်းက စတင်ရှင်းလင်းနေပါတယ်။

အမှိုက်ပုံရှင်းလင်းပြီးချိန်မှာ အမှိုက်တွေကို နောက်နောင် ထပ်မံစုပုံတော့မှာ မဟုတ်ဘဲ အဆိုပါနေရာကိုလည်း မြို့သာယာရေးအတွက် နေရာတခုဖြစ်အောင် ပြုလုပ်ဖန်တီးသွားမယ်လို့ ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက "ဒီနေ့ စရှင်းပါတယ်။ နောက်ဆို ဒီနေရာမှာ အမှိုက်တွေ မပစ်တော့အောင် ဆောင်ရွက်သွားမှာပါ။ အမှိုက်တွေကိုလည်း ကျင်းတူး သဲဖို့ခြင်းတွေနဲ့ ရှင်းပစ်မှာဖြစ်ပြီး အမှိုက်တွေ ရှင်းသွားရင် မြို့သာယာရေးအတွက် အခုနေရာမှာ သစ်ပင်တွေ စိုက်ပျိုးပြီး မြို့အတွက် သာယာတဲ့ နေရာတခုဖြစ်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

အဆိုပါအမှိုက်ပုံကို မြို့ရှိစည်ပင်နဲ့ မြို့ရှိလူအချို့က အမှိုက်တွေ လာရောက်စွန့်ပစ်နေ ကြတာဖြစ်ပြီး နှစ်စဉ်မီးလောင်မှုတွေကြောင့် အညှော်နံ့တွေ ထွက်ရှိကာ ပတ်ဝန်းကျင်နေ ပြည်သူတွေရဲ့ ကျန်မာရေးကိုလည်း များစွာထိခိုက်နေတယ်လို့ ပတ်ဝန်းကျင်နေ ပြည်သူတွေက ပြောပါတယ်။

အခုအမှိုက်ပုံကို ရှင်းလင်းပြီးပါက စည်ပင်ဌာနက ဝယ်ယူထားတဲ့ ၂ ဧကကျော်ရှိတဲ့ မြေပေါ်မှာသာ အမှိုက်တွေကို စုပုံတာ ပြုလုပ်သွားမှာဖြစ်ပြီး အမှိုက်ပုံဖို့ မြေနေရာသစ်လည်း ထပ်မံဝယ်ယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါနေရာဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင်ကာ အမှိုက်ပုံလာခဲ့ကြတာ ဖြစ်ပြီး နှစ်စဉ်မီးလောင်တာတွေ ရှိနေခဲ့ပါတယ်။ ဖြူးမြို့အတွင်းမှလည်း နေစဉ် အမှိုက်တန် ၂၀ ကျော် ထွက်ရှိနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013