DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့နယ်တွင် လှေမှောက်သဖြင့် သားအမိ ၄ ဦး သေဆုံး
DVB
·
March 15, 2018
လပွတ္တာမြို့နယ်တွင် လှေမှောက်သဖြင့် သားအမိ ၄ ဦး သေဆုံး
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရေတွင်းဆိပ်ကျေးရွာနားက သောင်ဒူမြစ်ထဲမှာ မတ်လ ၁၄ ရက်နေ့ည သန်းခေါင်ကျော်လောက်က ဆားကွင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ မိသားစု ၆ ဦးပါလှေ တိမ်းမှောက်ပြီး သားအမိ ၄ ဦးသေဆုံးခဲ့တယ်လို့ ပြင်စလူနယ်မြေ ရဲစခန်းက ပြောပါတယ်။

ပြင်စလူနယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်မိုးအောင်က လေပြင်းတိုက်ခတ်ပြီး ရေလှိုင်းပုတ်လို့ လှေမှောက်တာကြောင့် လှေကိုလှော်ခတ်လာတဲ့ အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၆ လအရွယ်၊ ၃ နှစ်အရွယ်နဲ့ ၆ နှစ်အရွယ် သမီးမိန်းကလေး ၃ ဦးသေဆုံးခဲ့ကြပြီး ဖခင်ဖြစ်သူနဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တဦး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါလှေမှောက်မှုကို ပြင်စလူနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ ရေးဖွင့်ဆောင်ရွက်နေပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013