DVB Logo
Home
မြန်မာသတင်း
နားမကြားသူများ သတင်းအချက်အလက် လက်လှမ်းမီရရှိရေး ဆွေးနွေး
DVB
·
March 15, 2018
နားမကြားသူများ သတင်းအချက်အလက် လက်လှမ်းမီရရှိရေး ဆွေးနွေး
1 / 6
Donate to DVB

မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုလုပ်တဲ့ နားမကြားသူတွေအတွက် သတင်းအချက်အလက်တွေ လက်လှမ်းမီရရှိပိုင်ခွင့် သေချာစေရေး စီမံကိန်းကို မတ် ၁၅ ရက်နေ့ မနက် ၉ နာရီ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့ ဒုဝန်ကြီး ဦးအောင်လှထွန်းတို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မသန်စွမ်းအသင်းအဖွဲ့တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်နားမကြားအသင်း ဥက္ကဋ္ဌ ဦးကျော်ယုက “လက်သင်္ကေတဘာသာစကား သတင်းတင်ဆက်မှုမှာ နားမကြားသူတွေနဲ့ နားကြားသူ ပူးတွဲ့ သတင်းတင်ဆက်နိုင်ဖို့ ကျနော်က ပြန်ကြားရေးဝန်ကြီးကို ပြောခဲ့တယ်။ နားမကြားယဉ်ကျေးမှုနဲ့ သဘောသဘာဝကို အများပြည်သူတွေ သိနိုင်အောင် တင်ဆက်ထုတ်လွှင့်ပေးဖို့ တောင်းဆိုခဲ့တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီအစဉ်ဒါရိုက်တာ ဦးကျော်ကျော်က နားမကြားသူတွေရဲ့ သတင်းအချက်အလက်ရရှိမှုအခြေအနေ တိုးတက်စေရေးအတွက် ရပိုင်ခွင့်ဆိုင်ရာ ဥပဒေမူဘောင်ပါ ပြဋ္ဌာန်းချက်တွေကိုသိရှိစေရေး၊ သတင်းအချက်အလက် ရရှိမှုဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ တင်ပြနိုင်ဖို့ အခြေနေတွေကို အသိပေး၊ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ ကျင့်ဝတ်တွေနဲ့ မူဝါဒတွေမှာလည်း နားမကြားသူများအတွက် သတင်းအချက်အလက်ရရှိမှုသေချာစေဖို့ ပြင်ဆင်/ ဖြည့်စွက်လိုတဲ့ အချက်တွေကိုလည်း တင်ပြဆွေးနွေးခဲ့ပြီး ဝန်ကြီးနဲ့တာဝန်ရှိသူတွေက လုပ်ပေးနိုင်တဲ့အရာအာားလုံး လုပ်ဆောင်ပေးမယ့်အကြောင်း ကတိပြုခဲ့ကြပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အကြားအာရုံ မသန်စွမ်းသူဦးရေး ၆ သိန်း ၇ သောင်းကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013